The network connection is lost.

Banner Image

ဘာစီလိုနာရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုနောက်ဆုံးအခြေအနေကို ဖွင့်ဟလာတဲ့ ဟန်စီဖလစ်ခ်

ယမန်နေ့(တနင်္ဂနွေနေ့)၊ ဂျိုအမ်ဂမ်ပါဖလားပွဲစဉ်မှာ ကိုမို,ကို ၅-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က အသင်းနဲ့ပတ်သက်လို့ သူ့ရဲ့အတွေးအမြင်တွေကို ချပြလာပါတယ်။ ဒီပွဲစဉ်အပြီး ဟန်စီဖလစ်ခ်မှာ အပြည့်အဝမပျော်ရွှင်နိုင်ခဲ့ပါဘူး။ သူက အသင်းခံစစ်ပိုင်းတိုးတက်ဖို့ မဖြစ်မနေလိုအပ်နေသေးတယ်လို့ ရှင်းပြသလို အင်နီဂိုမာတီနက်ဇ်ထွက်ခွာမှုအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာနည်းပြက ဖြစ်နိုင်ချေရှိတဲ့ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ဒေကိုနဲ့ စကားပြောခဲ့ပေမယ့် ဈေးကွက်မပိတ်ခင် လှုပ်ရှားမှုတစ်ခုခုရှိလာမလားဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ကစားသမားသစ်တွေ အပါအဝင် ကျွန်တော်တို့အားလုံး ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းလို တိုးတက်ဖို့ မဖြစ်မနေလိုအပ်နေသေးတဲ့အရာတွေ ရှိနေပါသေးတယ်။

အင်နီဂိုမာတီနက်ဇ်ဆိုတာ ကလပ်အသင်းအောင်မြင်မှုတွေအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါက ဘောလုံးဖြစ်နေလို့ အခုအချိန်မှာတော့ အခြားကစားသမားတွေအတွက် အခွင့်အလမ်းသစ်တွေ ရှိလာခဲ့ပါပြီ။ ဒေကိုနဲ့လည်း စကားပြောနေပါတယ်။ ဒါပေမဲ့ ဈေးကွက်မပိတ်ခင် လှုပ်ရှားမှုတစ်ခုခုရှိလာမလားဆိုတာ ကျွန်တော်လည်း သေချာမသိသေးပါဘူး”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဂျာမန်သားနည်းပြက လတ်တလောရက်ပိုင်းအတွင်း ကလပ်အသင်းနဲ့တင်းမာမှုလျော့ကျလာတဲ့ ဂိုးသမားတာစတီဂန်ရဲ့အခြေအနေကို မြင်တွေ့ရလို့ ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟန်စီဖလစ်ခ်က “ အခြေအနေတွေက တာစတီဂန်အတွက် မလွယ်ကူခဲ့ပါဘူး။ သူက ၁၁ နှစ်လောက် ထိပ်တန်းအဆင့်အတန်းမျိုးမှာ ကစားနိုင်ခဲ့တဲ့ ဂိုးသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌနဲ့ ကလပ်အသင်းတာဝန်ရှိသူတွေက တာစတီဂန်ရဲ့အခြေအနေကို ဖြေရှင်းပေးခဲ့လို့ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်”လို့ ဆက်ပြောပါတယ်။