The network connection is lost.

Banner Image

လီဗာပူးဆီ ခေါ်ယူချင်ခဲ့တဲ့ ဂျာမနီကြယ်ပွင့်အကြောင်း ဖွင့်ဟလာတဲ့ ယာဂန်ကလော့ပ်

လီဗာပူးနည်းပြအဖြစ် တာဝန်ယူခဲ့ချိန် ဂျာမနီဂိုးသမား တာစတီဂန်ကို ခေါ်ယူချင်ခဲ့တယ်လို့ ယာဂန်ကလော့ပ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒေါ့မွန်နည်းပြဘ၀မှာ မိုချန်ဂလာဘတ်အတွက် တာစတီဂန်ရဲ့ တိုးတက်ဖြစ်ထွန်းမှုကို စောင့်ကြည့်ခဲ့ဖူးလို့ လက်ရှိအသက် ၃၄ နှစ်အရွယ်ဂိုးသမားအကြောင်း ယာဂန်ကလော့ပ် ကောင်းကောင်း သိနားလည်ထားခဲ့ပါတယ်။

အခုတော့ ဂျာမနီနည်းပြကလော့ပ်က ၂၀၁၅ ခုနှစ်၊ လီဗာပူးအသင်းကို စတင်ကိုင်တွယ်ပြီးနောက် အဲဒီအချိန်တုန်းက တာစတီဂန်ကို အသင်းဆီ ခေါ်ယူသွားဖို့ အလွန်စိတ်အားထက်သန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် နယ်သာလန်ကို ၅-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ပွဲစဉ်အပြီး ကလော့ပ်က "တာစတီဂန်ကို ထူးချွန်ပြောင်မြောက်တဲ့ ဂိုးသမားတစ်ဦးအဖြစ် ကျွန်တော် အမြဲသတ်မှတ်ခဲ့သလို သူ့ကို လီဗာပူးဆီ ခေါ်ယူချင်ခဲ့ပေမဲ့ သူက ဘာစီလိုနာကိုပဲ ပိုသဘောကျခဲ့ပါတယ်" လို့ ပြောပါတယ်။

နောက်ဆုံးမှာတော့ လီဗာပူးက ၂၀၁၈ ခုနှစ်မှာ ရိုးမားဂိုးသမားအလီဆင်ကို ပေါင် ၆၇ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ပြီး အဲ့ဒီအချိန်မှစလို့ အလီဆင်လည်း မာဆေးဆိုဒ်ကလပ်အသင်းရဲ့ နံပါတ်တစ်ဦးစားပေးဂိုးသမား ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ တာစတီဂန်က ဘာစီလိုနာမှ အေဂျက်စ်ဆီ အငှားဖြင့် သွားရောက်ကစားနေပြီး အရင်နှစ်ရာသီပေါင်း ပွဲအရေအတွက်(၁၂ ပွဲ) ထက် ပိုများတဲ့ ၁၆ ပွဲအထိ အေဂျက်စ်အတွက် ပါဝင်ကစားပေးထားပါတယ်။