The network connection is lost.

Banner Image

ပေါင်ကြွက်သား ဒဏ်ရာကြောင့် တစ်လခန့် အနားယူရမယ့် လော်တာရိုမာတီနက်ဇ်

အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်က ဘယ်ဘက် ပေါင်ကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် တစ်လခန့် အနားယူရဖွယ် ရှိနေကြောင်း  အသင်းက ကြာသပတေးနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

မာတီနက်ဇ်ကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ "ဘယ်ဘက် ပေါင်တံကောက်ကြောကြွက်သား စုတ်ပြဲဒဏ်ရာ ရရှိထားတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်" လို့ အင်တာမီလန်က ဆိုပါတယ်။

အသင်းဘက်က အနားယူရမယ့် ကာလအတိအကျကို တရားဝင် အတည်မပြုသေးပေမဲ့ အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ လာမယ့် နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ် မတိုင်မီအထိ သူ အနားယူရလိမ့်မယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးဟာ လာမယ့် အောက်တိုဘာ ၃၁ ရက်မှာ ကစားမယ့် မီလန် ဒါဘီပွဲစဉ် အပါအဝင် အရေးပါတဲ့ ပွဲစဉ်အများအပြားကို လွဲချော်သွားဖွယ် ရှိနေပါတယ်။

အင်္ဂါနေ့က ဘရုဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအဆင့် ပွဲစဉ်မှာ မာတီနက်ဇ်က ၂ ဂိုး သွင်းယူပေးခဲ့ပြီးနောက် အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လော်တာရိုမာတီနက်ဇ်က ဒီနှစ်ရာသီ စီးရီးအေမှာ အင်တာမီလန်အတွက် ၄ ဂိုး သွင်းယူပေးထားပါတယ်။