The network connection is lost.

Banner Image

ရီးရဲလ်စတားနဲ့ ဖုန်းပြောဆိုမှုတွေရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ တူချယ်

အင်္ဂလန်အသင်းနည်းပြ တူချယ်က အခုနောက်ဆုံးရွေးချယ်တဲ့လူစာရင်းမှာ ဘယ်လင်ဟမ်တစ်ယောက် ဘာကြောင့်မပါဝင်ခဲ့လဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ဒါ့အပြင် တူချယ်က သူ့အနေနဲ့ ရွေးချယ်မှုမလုပ်ခင်မှာ ရီးရဲလ်စတားနဲ့ ပြောဆိုမှုတွေရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပခုံးဒဏ်ရာခွဲစိတ်မှုခံယူခဲ့ပြီးနောက် ကလပ်အသင်းမှာပါဝင်ခဲ့တာကြောင့် တော်တော်များများက ဘယ်လင်ဟမ်ကို ပြန်လည်ခေါ်ယူမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

အင်္ဂလန်ဟာ ဝေးလ်အသင်းနဲ့ ခြေစမ်းပွဲကန်ဖို့ ပြင်ဆင်ထားပြီး လက်ဗီးယားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကန်ရမှာဖြစ်ပါတယ်။ တူချယ်က အဆိုပါပွဲတွေအတွက် လူစာရင်းရွေးချယ်ခဲ့ကာ ပရိသတ်တော်တော်များများက နာမည်ကြီးတွေမပါဝင်တာကို သတိထားမိခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဟမ်က အဆိုပါစာရင်းမှာ ထိပ်ဆုံးကပါဝင်နေပြီး တူချယ်က အသက် ၂၂ နှစ်သားအခြေအနေကို အရဲမစွန့်လိုတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် ဂျု့ဒ်အခြေအနေအပေါ်အာရုံစိုက်တာကို နားလည်ပါတယ်။ သူက ထူးရှယ်ကစားသမားပါ။ ထူးရှယ်ကစားသမားတွေအတွက် ထူးရှယ်စည်းမျည်းတွေရှိပါတယ်။ ကျွန်တော် အဲ့တာကို နားလည်ပါတယ်။ ဒါပေမယ့် အခုဆုံးဖြတ်ချက်က ကျွန်တော်တို့ဆုံးဖြတ်ချက်ပါ။ ဘယ်လင်ဟမ်ဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး သူက အင်္ဂလန်အသင်းမှာအမြဲတမ်းပါဝင်ဖို့ ထိုက်တန်ခဲ့တာပါ။

ထိပ်တန်းအဆင့်မှာ အခြားအလွှာတွေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အခြေအနေက ရီးရဲလ်မှာ အပြည့်အဝအဆင်မပြေသေးပါဘူး။ အသင်းထံပြန်လာပေမယ့် တစ်ပွဲလုံးအပြည့်မကစားနိုင်သေးပါဘူး။ သူကလက်ရှိမှာ ဟန်ချက်ညီအောင်ပဲ လုပ်ဆောင်နေတာပါ။ သူက ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ဖုန်းခေါ်ဆိုမှုတွေရှိခဲ့ပါတယ်။ အခြားဘက်မှာ ဘာပြဿနာမှမရှိပါဘူး။ သူဟန်ချက်ပျက်နေတာပဲရှိတာပါ။ ကျွန်တော်အရင်ကပြောခဲ့သလို တစ်ပွဲလုံးကိုသူအပြည့်အဝကစားခွင့်မရသေးပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး နဲ့ ဘိုင်ယန်စတားဟောင်းက ကစားသမားရွေးချယ်ရတာက ခက်ခဲတဲ့ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။  “ကျွန်တော်တို့ ဖိုဒန်ကြားမှာကော ဂျက်ကြားမှာပါ ပြဿနာမရှိပါဘူး။ ထိပ်တန်းကစားသမားတွေက ပွဲတွေအပေါ်မှာ လွှမ်းမိုးနိုင်ပါတယ်။ ဂျက်က သူ့ရဲ့အကောင်းဆုံးဗားရှင်းပြန်ရနိုင်ဖို့ နီးစပ်ပါပြီ။ ထူးရှယ်ကစားသမားဖြစ်သလို ထူးရှယ်စရိုက်လက္ခဏာရှိတဲ့သူပါ။ ဘာပြဿနာမှမရှိပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ လာမယ့်ကြာသပတေးနေ့မှာ ဝေးလ်အသင်းနဲ့ ခြေစမ်းမှာဖြစ်ပြီး တူချယ်အနေနဲ့ နည်းစနစ်ပိုင်းစမ်းသပ်နိုင်မှာဖြစ်ပါတယ်။ အဲ့နောက် အောက်တိုဘာ ၁၄ ရက်နေ့မှာ လက်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။