
ဘယ်လင်ဟမ်၊ ပယ်လ်မာနဲ့ ၊ဖိုဒန်တို့ အင်္ဂလန်လူစာရင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလာတဲ့ ဒီကလန်ရိုက်စ်
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ယခုအောက်တိုဘာလနိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းမှာရွေးချယ်ခံရခြင်းမရှိတဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂျုဒ်ဘယ်လင်ဟမ်၊ ကိုးလ်ပယ်လ်မာ၊ ဖီးလ်ဖိုဒန်တဲ့နဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ယခုလအတွင်း အင်္ဂလန်ဟာ ခြေစမ်းပွဲစဉ်အဖြစ်ဝေးလ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လတ်ဗီယာတို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြသောမတ်စ်တူချယ်ကတော့ ဘင်လင်ဟမ်နဲ့ ပယ်လ်မာတို့လိုကြယ်ပွင့်ကစားသမားတွေကို လူစာရင်းမှာ ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ဘယ်လင်ဟမ်အနေနဲ့ အင်္ဂလန်ရဲ့နောက်ဆုံး နိုင်ငံတကာပွဲစဉ် ၂ ကြိမ်ဆက်တိုက်ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာ ဒီကလန်ရိုက်စ်က "ဘယ်သူပဲဖြစ်ဖြစ်အင်္ဂလန်အတွက်ကစားရင် အခွင့်အရေးကို အမိအရယူနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ဘယ်လင်ဟမ်၊ ပယ်လ်မာနဲ့ ဖိုဒန်တို့ကိုလွဲချော်သွားပါတယ်။ ဒါပေမယ့် သူတို့က အသင်းအတွက်အရေးပါတဲ့ကစားသမားတွေဖြစ်လို့ ကျွန်တော်တို့နဲ့ အတူတူရှိနေသလို ခံစားရပါတယ်။ ဒါက နည်းပြရဲ့လိုအပ်တဲ့ဆုံးဖြတ်ချက်ပါ"
"သူတို့ အသင်းမှာမရှိပေမယ့် ရှိနေသလို ခံစားရပါတယ်။ သူတို့ရှိနေတဲ့ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်က အံ့မခန်းပါ။ နောက်တစ်ခေါက်နိုင်ငံတကာပွဲစဉ်တွေမှာတော့ သူတို့နဲ့ပြန်ဆုံရဖို့ မျှော်လင့်ပါတယ်။ အခုလိုချန်လှပ်ခံခဲ့ရတာက အရေးကြီးတဲ့အချက်ကြောင့်ပါ။ ဒီလိုကစားသမားတွေကိုအရင်တန်းကလည်း ကျွန်တော်တို့ လူစာရင်းကနေ ပယ်ဖူးပြီးသားပါ။ လာမယ့်အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လတ်ဗီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလား စောင်ကြည့်ရမှာဖြစ်ပါတယ်။