
ယူနိုက်တက်စတားကိုခေါ်ယူဖို့ လက်လျှော့ရတော့မယ့် ဘက်တစ်
ယူနိုက်တက်ဘက်က ယူရိုသန်း ၄၀ ကိုဈေးကိုင်ထားနေတာကြောင့် ဘက်တစ်အသင်းအနေနဲ့ တောင်ပံကစားသမား အန်တိုနီကိုခေါ်ယူရေးလက်လျှော့ရဖို့များနေပါတယ်။ ဘရာဇီးသားဟာ ဘက်တစ်အသင်းထံအငှားထွက်ခဲ့ပြီးနောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့တာဖြစ်ပြီး အသင်းကို ကွန်းဖရန့်လိဂ်ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ယူနိုက်တက်အသင်းမှာနေရာပြန်ရနိုင်ချေရှိနေသလို အသင်းကနေထွက်ခွာဖို့လည်း လမ်းဖွင့်ထားတာဖြစ်ပါတယ်။ ဘက်တစ်အသင်းဘက်က အန်တိုနီကိုအပြီးသတ်ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်ဘက်က ဘဏ္ဍာရေးစည်းမျည်းကိုရှောင်ရှားနိုင်ဖို့ ယူရိုသန်း ၄၀ လောက်အလိုရှိနေပါတယ်။
အဆိုပါတန်ကြေးဟာ ဘက်တစ်အသင်းအတွက် များပြားနေတာဖြစ်ပြီး ကစားသမားကလည်း ဘက်တစ်အသင်းထံ ပြန်ချင်နေပါတယ်။ အန်တိုနီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘက်တစ်အသင်းအားကစားဒါရိုက်တာ မန်နူက “၂ ဦး ၂ ဖက်စလုံး သူ့ကိုဒီရာသီအသင်းမှာရှိနေစေချင်ပါတယ်။ နေ့တိုင်းကျွန်တော်တို့ သူ့ကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။ အန်တိုနီဒီမှာရှိနေမယ်ဆိုရင် အချက်အလက်တွေပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာက အသင်းအခြေအနေပါ။ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ လက်ရှိယူနိုက်တက်တောင်းဆိုတာက ကျွန်တော်တို့အတွက် အခက်အခဲဖြစ်နေပါတယ်။ ရွေးချယ်စရာတွေရှိနေသေးပေမယ့် အပြောင်းအရွှေ့အတွက် ကျွန်တော်တို့ တတ်နိုင်တာဆိုရင် ဖြစ်လာနိုင်ချေရှိနေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အန်တိုနီကလည်း ဘက်တစ်အသင်းမှာပြန်ကစားချင်နေပြီး ပျော်ရွှင်တဲ့ပတ်ဝန်းကျင်မှာ ဆက်ရှိနေချင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း အယ်လ်နာဆာအသင်းက အန်တိုနီအခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။