စပိန်စတားကို ရော်နယ်ဒိုနဲ့ခိုင်းနှိုင်းလိုက်တဲ့ ဝိန်းရွန်းနီ
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက စပိန်လူငယ်စတား နီကိုဝီလီယံကို ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။
ဝီလီယံဟာ အခုနွေရာသီမှာ အသင်းကြီးတော်တော်များများရဲ့မျက်စိကျခြင်းခံနေရပြီး စပိန်အသင်းနဲ့အတူလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။
အသက် ၂၂ နှစ်သားဟာ ဘီလ်ဘာအိုအသင်းအပြင် နိုင်ငံအသင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနေတာဖြစ်ပါတယ်။
ဝီလီယံရဲ့ခြေစွမ်းအနေအထားကို ရွန်းနီက ရော်နယ်ဒိုလူငယ်ဘဝနဲ့ခိုင်းနှိုင်းခဲ့တာဖြစ်ပါတယ်။ ရွန်းနီ နဲ့ ရော်နယ်ဒိုတို့ဟာ ယူနိုက်တက်မှာ အတူတူကစားခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
“အင်္ဂလန်အနေနဲ့ စပိန်နဲ့ပွဲမှာ တောင်ပံတွေကို အဓိကထားကာကွယ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အသင်းတောင်ပံတွေမှာ အဓိကခြိမ်းခြောက်နိုင်တဲ့ကစားသမား ၂ ဦးရှိနေပါတယ်။
ယာမဲလ်က ယုံကြည်မှုအပြည့်ရှိတဲ့ကောင်လေးဖြစ်သလို ပြင်သစ်နဲ့ပွဲမှာလည်း တကယ့်လှပတဲ့ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူက ကျွန်တော်ယူရို ၂၀၀၄ တုန်းက အနေအထားကိုပြန်လည်သတိရမိစေပါတယ်။ ထိတ်လန့်ခြင်းလား?။ လူငယ်တွေက သူ(ရော်နယ်ဒို) နဲ့ ဆင်တူပါတယ်။ နီကို နဲ့ မီနူးမှာ ထိတ်လန့်တာမရှိပါဘူး။
ဥရောပပြိုင်ပွဲလိုစင်မြင့်မှာ သူတို့က တကယ့်ကိုအကောင်းဆုံးစွမ်းဆောင်ပြနေတာပါ။ ဝီလီယံက ရော်နယ်ဒိုငယ်စဉ်တုန်းကအခြေအနေမျိုးကို ပြန်လည်သတိရမိစေပါတယ်။
သူက တကယ့်အာဂကောင်လေးပါ။ သူက ဘောလုံးကိုင်ထားနိုင်သလို တစ်ချို့အချိန်တွေမှာ အများကြီးလုပ်ပြပါတယ်။ ဒါပေမယ့် သာမန်အားဖြင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲ လုပ်ပြပါတယ်။
သူ့မှာ တစ်ဦးချင်းအနေအထားကို ခြိမ်းခြောက်ပြနိုင်တဲ့ကြီးမားတဲ့အရည်အချင်းရှိပါတယ်။ ဒါ့အပြင် ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ အင်္ဂလန်အနေနဲ့ သူ့ကိုလုံးဝသတိထားဖို့ လိုအပ်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။
စပိန်သားကို အာဆင်နယ် နဲ့ ချဲလ်ဆီးအပါအဝင် အသင်းတော်တော်များများက အလိုရှိနေပေမယ့် ဘာစီလိုနာက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေပါတယ်။
အင်နီယေစတာကလည်း ဘာစီလိုနာအနေနဲ့ ဝီလီယံကိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောကြားထားပါတယ်။ ကစားသမားဘက်ကတော့ သူ့အနေနဲ့ အနာဂတ်အကြောင်း ယူရိုအပြီးမှသာ ဆုံးဖြတ်မယ်လို့ မကြာသေးခင်က ပြောကြားထားခဲ့ပါတယ်။