The network connection is lost.

Banner Image

အီတလီကလပ် ကိုမိုသို့ပြောင်းရွှေ့သွားတဲ့ ဗာရာနီ

ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ နောက်ခံလူ ရာဖေးလ်ဗာရာနီဟာ ယခုအခါမှာတော့ အီတလီစီးရီးအေကလပ် ကိုမိုသို့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဗာရာနီကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်းကို တနင်္ဂနွေနေ့မှာ ကိုမိုအသင်းက ကြေညာခဲ့ပြီး စာချုပ်အရ ကစားသမားအနေနဲ့ အပိုတစ်နှစ် သက်တမ်းတိုးခွင့်ရှိတယ်လို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၃ နှစ်ကြာနေထိုင်ခဲ့ပြီး ဆုဖလား ၂ လုံးရရှိခဲ့ပါတယ်။

ဗာရာနီကိုခေါ်ယူခြင်းနဲ့ ပတ်သက်ပြီး ကိုမိုနည်းပြ ဖာဘရီဂတ်စ်က “ရာဖေးလ်ဗာရာနီက ထူးရှယ်ကစားသမားဖြစ်ပါတယ်။ သူ့ကိုခေါ်ယူလိုက်ခြင်းက ကျွန်တော်တို့အသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်အထိရည်မှန်းချက်ထားထားသလဲဆိုတာ သက်သေပြလိုက်သလိုပါပဲ” လို့  ပြောကြားခဲ့ပါတယ်။

အသက်-၃၁ နှစ်အရွယ်ပြင်သစ်သားဟာ ယခုနွေရာသီမှာပဲ ကိုမိုသို့ရောက်ရှိလာကြတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ လီဗာပူးဂိုးသမားဟောင်း ပီပီရေနာ၊ နောက်ခံလူ အယ်လ်ဘာတိုမိုရီနိုတို့နဲ့ ပူးပေါင်းသွားတော့မှာဖြစ်ပါတယ်။