နီကိုပက်ဇ်နဲ့ ရာမွန်တို့ကို အသင်းဆီ ပြန်ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ရည်ရွယ်ထား
ကိုမိုကစားသမားတွေဖြစ်တဲ့ နီကိုပက်ဇ်နဲ့ ဂျာကိုဘိုရာမွန်တို့ကို လာမယ့်နွေရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒီကစားသမားနှစ်ဦးလုံးက ဖာဘရီဂတ်စ်လက်အောက် ကိုမိုမှာ အဓိကကစားသမားတွေအဖြစ် ခြေစွမ်းပြသထားနိုင်ပြီး ယမန်နှစ်ဘောလုံးရာသီ၊ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ကနဦးယူရို ၆ သန်းတန် သဘောတူညီချက်မှာ ပါဝင်ခဲ့တဲ့ ပထမအကြိမ် ပြန်လည်ဝယ်ယူခွင့်စည်းမျဉ်းကို ပယ်ဖျက်ရင်း နွေရာသီမှာ ကိုမိုက နီကိုပက်ဇ်အတွက် ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ အထိ ရီးရဲလ်မက်ဒရစ်ဆီ ပေးချေခဲ့ပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ၂၀၂၇ ခုနှစ်၊ နွေရာသီမှာ အသက်ဝင်လာမယ့် ယူရိုသန်း ၈၀ တန် ပြန်လည်ဝယ်ယူခွင့် ရှိနေသလို ရာမွန်ကိုလည်း ယူရို ၉ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့် ရှိနေပါတယ်။
ဂျာနယ်လစ် ဆာဂျီယိုဗာလန်တင်ရဲ့အဆိုအရ စပိန်ထိပ်သီးကလပ်က ဒီစာချုပ်ပါ ပြန်လည်ဝယ်ယူခွင့်နှစ်ခုလုံးကို အသက်သွင်းပြီး သူတို့နှစ်ဦးကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ အပြည့်အဝ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။