သြစတြီးယားကို အရေးနိမ့်ခဲ့ပြီးနောက် ဗန်ဒိုက်ကို ဦးတည်တိုက်ခိုက်လိုက်တဲ့ ဗန်ဒါဗက်
နယ်သာလန်စတားဟောင်း ဗန်ဒါဗက်က သြစတြီးယားကို အရေးနိမ့်ခဲ့ပြီးနောက် ဗန်ဒိုက်ရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့တုန်းက နယ်သာလန်အသင်းဟာ သြစတြီးယားအသင်းကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပြင်သစ်နဲ့ ပိုလန်တို့ကို သရေကျခဲ့တာဖြစ်ပါတယ်။ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း နယ်သာလန်အသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
သြစတြီးယားကို အရေးနိမ့်ခဲ့ပြီးနောက် ဗန်ဒါဗက်က ဆာဘစ်ဇာကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့ ဗန်ဒိုက်ကို ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ “အဲ့တာက အရမ်းဆိုးဝါးတဲ့ပွဲပါ။ လေးစားမှုအားလုံးနဲ့ပြောချင်ပါတယ်။ ကျွန်တော်တို့ နှေးကွေးစွာစတင်ခဲ့ပြီး ဘောလုံးလုယူမှုအပြင် အခြားအပိုင်းတွေမှာလည်း အားနည်းခဲ့ပါတယ်။ အဲ့နောက် သြစတြီးယားနောက်မှာ ကျန်နေခဲ့ပါတယ်။ အဲ့တာက ဆိုးဝါးတဲ့ညနေခင်းပါ။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တာပါ။ ရှင်းလင်းပါတယ်။ ဗန်ဒိုက်အကြောင်းလည်း ပောချင်ပါတယ်။ အဆိပ်အတောက်အနည်းငယ်ပါပေမယ့် ဒီနေ့က ရှက်စရာနေ့ပါ။ တကယ့်ကိုဆိုးဝါးတဲ့ စွမ်းဆောင်ရည်ပါ။ အသင်းခေါင်းဆောင်တစ်ဦးဆီကနေ အင်တာဗျူးကိုမြင်ချင်ပါတယ်။ ကျွန်တော် စိတ်အားထက်သန်မှုကို မြင်ချင်ပါတယ်။ ကျွန်တော် အခုပြောနေသလိုပါ။ အရမ်းကိုမှထိုက်တန်တဲ့ရှုံးပွဲပါ။ ဒုတိယပိုင်းက အနည်းငယ်ပိုကောင်းခဲ့ပေမယ့် သြစတြီးယားက ကောင်းတာကို တွေ့မှာပါ။ ဒါပေမယ့် အရမ်းကိုမှ သာမန်ဆန်တဲ့အသင်းတစ်သင်းပါ။ နည်းနည်းကောင်းကောင်းကစားနိုင်ယုံနဲ့ သူတို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။ လုံးဝကိုမှသေချာတဲ့ အနေအထားပါ။ ခင်ဗျားပြန်လာပြီး ဒီလိုပြန်ကန်ကြည့်ပါ။ တကယ့်မယုံကြည်နိုင်စရာပါ။ ဆိုးဝါးလွန်းပါတယ်”လို့ ဗန်ဒါဗက်က ပြောကြားခဲ့ပါတယ်။
နယ်သာလန်ဟာ အုပ်စု (D) မမှာ ရမှတ် ၄ မှတ် ရယူနိုင်ခဲ့ပြီး ပိုလန်အနိုင်ယူနိုင်ခဲ့ကာ ပြင်သစ်ကိုသရေ နဲ့ သြစတတြီးယားကိုအရေးနိမ့်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်ပေမယ့် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တော့ မရွေးချယ်ရသေးတာဖြစ်ပါတယ်။