The network connection is lost.

Banner Image

ဟွိုက်လန်းအတွက် ဖရက်၊ ဗန်ဒီဘိခ်တို့ ၂ယောက်နဲ့ အလဲအလှယ်ပြုလုပ်ရန် ကြိုးပမ်းခဲ့သေးတဲ့ ယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်အနေဖြင့် စတင်ပါဝင်ကစားပေးခွင့်ရခဲ့တဲ့ ဒိန်းမက်တိုက်စစ်မှုး ဟွိုက်လန်းအနေဖြင့် ယူနိုက်တက်နဲ့အတူ ပုံစံကောင်းအချို့ ပြသလာနိုင်ခဲ့ပြီဖြစ်ပြီး ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းက ဟွိုက်လန်းကို အလဲအထပ် ပုံစံမျိုးနဲ့ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက ရာသီကြိုအပြောင်းအရွှေ့ အစောပိုင်းကာလအတွင်း ကိန်းကို ခေါ်ယူရန် အဓိက ပစ်မှတ်ထားခဲ့ပေမဲ့ တော့တင်ဟမ်အသင်းရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏတောင်းဆိုချက်ကြောင့် လက်ရှောင်ခဲ့တာဖြစ်ပြီး ကစားသမားက ဘွန်ဒက်စ်လီဂါချန်ပီယံကလပ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကိန်းကို ခေါ်ယူရေး လက်လျှော့အပြီးမှာ စီးရီးအေပြိုင်ပွဲအတွင်း ခြေစွမ်းပြနေတဲ့ အတ္တလန္တာအသင်းရဲ့ ဒိန်းမက်တိုက်စစ်မှုး ဟွိုက်လန်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဟွိုက်လန်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် သရဲနီကစားသမားဘဝ ဗွေဆော်ဦးသွင်းဂိုး ရှာဖွေနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အာဆင်နယ်အသင်းနဲ့ ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရခဲ့သလို ဘရိုက်တန်အသင်း၊ ဘန်လေအသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပွဲချိန်ပြည့်ကစားခွင့် ရထားခဲ့ပေမဲ့ သွင်ဂိုး မရှာဖွေနိုင်သေးတာလည်း ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် ခေါ်ယူရန် ပစ်မှတ်ထားနေချိန် ယူနိုက်တက်အသင်းက အဆိုပါ အသက် ၂၀ နှစ်အရွယ် ဒိန်းမတ်ကြယ်ပွင့်အတွက် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖရက်၊ ဗန်ဒီဘိခ်တို့နဲ့ လဲလှယ်ရန် ကြိုးပမ်းခဲ့ရာမှာ အထမမြောက်ခဲ့ဘဲ ယခုအချိန်တွင် ဖရက်က တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဗန်ဒီဘိခ်အနေဖြင့် ယူနိုက်တက်အသင်းတွင် ဆက်နေခွင့်ရခဲ့ပေမဲ့ ပွဲကစားခွင့်မရထားသေးတာပဲ ဖြစ်ပါတယ်။