အာဆင်နယ်ရဲ့၁၆နှစ်အရွယ် ဂိုးသွင်းအများဆုံး စံချိန်ရှင်လေးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ဂိုးသွင်းစံချိန်ရှင်လေး ချီဒို အိုဘီ-မာတင်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
The Athleticရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ အိုဘီ-မာတင်ကို ခေါ်ယူဖို့ ကြိုးစားနေကာ ယခုအပတ်အစောပိုင်းမှာ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ လူငယ်လေးရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပေမယ့် ဆွေးနွေးမှုတွေက အဆင့်တက်ခြင်းတော့ မရှိသေးပါဘူး။
အိုဘီ-မာတင်ဟာ အာဆင်နယ်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒီလိုလူငယ်လေးကိုတော့ မန်စီးတီးကလွဲရင် အသင်းတိုင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ လူငယ်လေးဟာ လာမယ့်နိုဝင်ဘာလကုန်မှာ ရောက်ရှိမယ့် မွေးနေ့ပွဲပြီးရင် ပရောက်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုသွားနိုင်မှာလည်း ဖြစ်ပါတယ်။