The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားက ယူကရိန်း ၊ ရုရှားစစ်ပွဲကို အဆုံးသတ်နိုင်တယ်လို့ ထရန့်ပ် အခိုင်အမာဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဟာ ယူကရိန်း ၊ ရုရှားစစ်ပွဲကို အဆုံးသတ်အောင် ကူညီပေးနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ရုရှားဟာ ၂၀၂၂ ဖေဖော်ဝါရီတုန်းက ယူကရိန်းကို ကျူးကျော်ခဲ့တာဖြစ်ပြီး နေတိုးနိုင်ငံတွေအပြင် အနောက်နိုင်ငံတွေရဲ့စစ်ရေးချဲ့ထွင်လာမှုက မိမိတို့နိုင်ငံကို ခြိမ်းခြောက်လာနိုင်တယ်လို့ ပူတင်က ထင်မြင်နေပါတယ်။

ဒါပေမယ့် ယူကရိန်းဟာ ၁၉၉၁ ခုနှစ်တုန်းက လွတ်လပ်ရေးရရှိခဲ့ပြီး နေတိုးအဖွဲ့ဝင်မဖြစ်ခဲ့ပဲ ရုရှားရဲ့ကျူးကျော်မှုက ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပမှာ အရှည်ကြာဆုံး နဲ့ လူသေဆုံးမှုအများဆုံးဖြစ်လာခဲ့ပါတယ်။ ရုရှားကျူးကျော်လာပြီးကတည်းက အခုချိန်အထိ ၃ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သလို ၂ နိုင်ငံကြား ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ အမေရိကန်သမ္မတ ထရန့်ပ်က သမ္မတဖြစ်ပြီး ၁ ရက်အကြာမှာတင် ငြိမ်းချမ်းရေးယူဆောင်လာမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

စစ်ပြေငြိမ်းနိုင်ဖို့အတွက် ထရန့်ပ်ဟာ ပူတင်ကိုကော ဇီလန်စကီးနဲ့ပါ ဆွေးနွေးမှုတော်တော်များများလုပ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အမေရိကန်ဟာ ကနေဒါ ၊ မက္ကဆီကိုတို့နဲ့ပေါင်းပြီး ကမ္ဘာ့ဖလားပူးတွဲကျင်းပမှာဖြစ်ကာ ရုရှားကို ဖီဖာကကော ယူအီးအက်ဖ်အေဘက်ကပါ ပါဝင်ခွင့်ပိတ်ပင်ထားခဲ့ပါတယ်။

အခုချိန်မှာတော့ ထရန့်ပ်က ကမ္ဘာ့ဖလားပြိုင်ပွဲက ယူကရိန်း - ရုရှားအရေးကို ပြေငြိမ်းစေနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော် အဲ့တာကို မသိပါဘူး။ အဲ့တာမှန်လားဗျ?”လို့ ထရန့်ပ်က မေးမြန်းခဲ့ပါတယ်။ အင်ဖန်တီနိုကတော့ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တာကြောင့် ပါဝင်ခွင့်ပိတ်ပင်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ပြေငြိမ်းခဲ့မယ်ဆိုရင် ရုရှားအနေနဲ့ ပြန်လည်ပါဝင်လာနိုင်ချေရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ “အဲ့တာက ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ရပ်တန့်သွားမှာပါ။ တစ်ပတ်အတွင်းမှာ လူငယ်ပေါင်း ၅ ထောင်ကျော်လောက် သေဆုံးခဲ့ပါပြီ။ အဲ့တာက မယုံကြည်နိုင်စရာကောင်းပါတယ်”လို့ ထရန့်ပ်က ပြောကြားခဲ့ပါတယ်။

ဥရောပနိုင်ငံအသင်းတွေကတော့ လွန်ခဲ့တဲ့ ၂ လကတည်းက လာမယ့်ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်နေတာဖြစ်ပြီး မတ်လထဲမှာ အပြီးသတ်မှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ရုရှားအနေနဲ့ ပြန်လည်ပါဝင်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဟာ ပရိသတ်အကြည့်အများဆုံးပြိုင်ပွဲဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက လူဦးရေ ၅ ဘီလီယံလောက်အထိ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှားက အိမ်ရှင်အဖြစ်ကျင်းပခဲ့ဖူးသလို ပူတင်ဟာ ဘောလုံးပရိသတ်တစ်ဦးအဖြစ် လူသိများကာ ပြည်တွင်းကလပ် ဇင်းနစ်အသင်းကို အားပေးတာဖြစ်ပါတယ်။ ဖီဖာဟာ ၂၀၁၄ တုန်းက ရုရှားအနေနဲ့ ခရိုင်းမီးယားကို ကျူးကျော်ခဲ့ပေမယ့် ကမ္ဘာ့ဖလားကို ကျင်းပခွင့်ပေးခဲ့တာဖြစ်ပါတယ်။