The network connection is lost.

Banner Image

ရီးရဲလ်စတားကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်လာတဲ့ တော့တင်ဟမ်

သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ ရီးရဲလ်တောင်ပံကစားသမား ရိုဒရီဂိုကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ အလွန်ဆိုရဲ့အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တော့သလို လာလီဂါအဖွင့်ပွဲဖြစ်တဲ့ အိုဆာဆူနာနဲ့ပွဲမှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာက သူ့ရဲ့တန်ကြေးကြောင့် တော်တော်များများက လက်တွန့်နေကြပါတယ်။ အာဆင်နယ် ၊ လီဗာပူး ၊ ဘိုင်ယန်တို့က စိတ်ဝင်စားနေပေမယ့်လည်း မခေါ်ယူပဲ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။

Defensa Central သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်တာဝန်ရှိသူတွေဟာ အခုချိန်မှာ အငှားနဲ့လက်လွှတ်ဖို့ စဉ်းစားလာပြီး တော့တင်ဟမ်က အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တော့တင်ဟမ်ဘက်က ကစားသမားရဲ့လုပ်ခလစာတစ်ခုလုံးကိုပေးချေချင်နေပြီး ရီးရဲလ်အသင်းဘက်က သူတို့စတားအတွက် ပေါင် ၈၆ သန်းတန်ကြေးသတ်မှတ်ထားပါတယ်။ ၂ သင်းကြား အငှားသီးသန့်ပဲဖြစ်မလား ဒါမှမဟုတ် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့အနေအထားမျိုးဖြစ်မလားဆိုတာ မရှင်းလင်းသေးတာဖြစ်ပါတယ်။

ရိုဒရီဂိုကတော့ ဘယ်ခြမ်းမှာကစားချင်နေပြီး လက်ရှိရီးရဲလ်မှာက ဘာပေ နဲ့ ဗင်နီတို့ကြောင့် အရန်ခုံမှာသာ ထိုင်နေရသလို အိုဆာဆူနာနဲ့ပွဲမှာလည်း အလွန်ဆိုက ဖရန်ကို နဲ့ ဂါစီယာတို့ကိုသာ လူစားလဲခဲ့ပါတယ်။ အငှားခေါ်ယူမှုနဲ့ပဲ ရီးရဲလ် နဲ့ တော့တင်ဟမ်တို့ကြား အပြီးသတ်ဖွယ်ရှိနေပြီး တော့တင်ဟမ်ဟာ အီဇီးကို မြို့ခံပြိုင်ဘက် အာဆင်နယ်ထံ လက်လွှတ်ခဲ့ရတာကြောင့် ဘယ်ခြမ်းကို အားဖြည့်ချင်နေပါတယ်။ လာမယ့်တနင်္ဂနွေနေ့ပွဲမှာလည်း ရိုဒရီဂိုတစ်ယောက် ထပ်မံပါဝင်ခွင့်ရမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။