The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့်မာစတန်တူအိုနိုကို အငှားဖြင့် ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ ဖူလ်ဟမ်

အယ်လ်ဗာရိုအာဘီလိုအာရဲ့ ဖူလ်ဟမ်အသင်းက ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့် မာစတန်တူအိုနိုကို ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အငှားဖြင့်ခေါ်ယူဖို့အတွက် အခြေအနေကောင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီကာလအတွင်း အသက် ၁၈ နှစ်အရွယ်ကစားသမားက ရေးဗားပလိတ်မှ ရီးရဲလ်မက်ဒရစ်ဆီ ယူရို ၄၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အခုနွေရာသီမှာတော့ သူက စပိန်ထိပ်သီးကလပ်အသင်းမှ အငှားဖြင့် ထွက်ခွာရဖို့ ရှိနေပါတယ်။

သူက ယမန်နှစ်ဘောလုံးရာသီအတွင်း ဇာဘီအလွန်ဆိုလက်အောက်မှာရော၊ အာဘီလိုအာလက်အောက်မှာပါ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ မာစတန်တူအိုနိုက လာလီဂါ ၂၃ ပွဲ ပါဝင်ကစားခဲ့ပေမဲ့ ၁၁ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

AS သတင်းဌာနရဲ့ဖော်ပြချက်အရ အာဘီလိုအာရဲ့အသင်းသစ်ဖြစ်တဲ့ ဖူလ်ဟမ်က မာစတန်တူအိုနိုကို လာမယ့်ဘောလုံးရာသီအတွက် အငှားဖြင့်ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေတယ်လို့ သိရပါတယ်။

အစောပိုင်းမှာတော့ ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းနဲ့ မာစတန်တူအိုနိုတို့အကြား သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ လက်တွေ့အကောင်အထည် မပေါ်ခဲ့ပါဘူး။ အခုနောက်ဆုံး စီးရီးအေကလပ် ဖီအိုရင်တီးနားလည်း ဒီလူငယ်ကစားသမားလေးကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။