The network connection is lost.

Banner Image

မန်စီးတီးကို အနိုင်ယူကာ ခြေစွမ်းကောင်းတွေဆက်ထိန်းထားဆဲဖြစ်တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ ၂ - ၁ မန်စီးတီး (ပွဲပြီးရလဒ်)

အက်စတွန်ဗီလာအသင်းက ယနေ့ညပွဲစဉ်အတွင်း အိမ်ကွင်းစွမ်းဆောင်ရည်ကောင်းပြသနို်ငခဲ့ပြီး ဂျက်ဆန်ကလည်း ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးက ပွဲပန်းနေသလို တိုက်စစ်က ဒဏ်ရာပြဿနာရှိနေတာကြောင့် အပြောင်းအလဲသိပ်မလုပ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ သွင်းဂိုးရယူနိုင်မယ့် အနီးစပ်ဆုံးအခြေအနေတွေရရှိခဲ့ပေမဲ့ ဂိုးကံခေခဲ့သလို ဗီလာဂိုးသမား ဆူဇူကီးလည်း လက်စွမ်းပြခဲ့တာကြောင့် ဗီလာပါ့ခ်မှာ ရှုံးပွဲကြုံခဲ့ရပါတယ်။