နူအာရဲ့နေရာမှာ အစားထိုးဖို့အတွက် စကာတင်ဂိုးသမားသုံးဦးကို ရွေးချယ်ပြင်ဆင်ထားတဲ့ ဘိုင်ယန်မြူးနစ်
ရာသီကုန်ကာလအတွင်း ဂန္တဝင်ဂိုးသမားနူအာရဲ့နေရာမှာ အစားထိုးဖို့အတွက် စကာတင်ဂိုးသမားသုံးဦးကို ဘိုင်ယန်မြူးနစ် ရွေးချယ်ပြင်ဆင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၀ နှစ်အရွယ် ဂိုးသမားကြီးက ကစားသမားဘဝအနားယူမယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပေမဲ့ လတ်တလောရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် အနားယူဖို့ ပိုမိုနီးစပ်လာတယ်လို့ ဂျာမနီသတင်းရပ်ကွက်မှထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ သိရပါတယ်။
နူအာက သမိုင်းတလျှောက် အခမ်းနားဆုံးဂိုးသမားတွေအနက် တစ်ဦးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဘိုင်ယန်မြူးနစ်အတွက်တော့ သူ့နေရာမှာအစားထိုးနိုင်မယ့်ဂိုးသမားကို ရှာဖွေဖို့ တာဝန်ရှိလာခဲ့ပါပြီ။
ဂျာနယ်လစ်ပလက်တန်ဘတ်ဂ်ရဲ့အဆိုအရ ဂျိုနတ်စ်အာဘစ်က ပထမဦးစားပေး ဂိုးသမား ဖြစ်လာမယ်လို့ မျှော်လင့်ရပေမဲ့ အရန်ဂိုးသမားအဖြစ် ပိုမိုအတွေ့အကြုံရှိတဲ့ ဂိုးသမားတစ်ဦးကို ဘိုင်ယန်မြူးနစ် လိုလားနေတယ်လို့ သိရပါတယ်။
ဟော့ဖန်ဟင်မ်ရဲ့ အိုလီဗာဘောင်မန်း၊ ဖူလ်ဟမ်ဂိုးသမားလီနိုနဲ့ လီဗာပူးဂိုးသမားဟောင်း ကာရီယက်စ်တို့လည်း ဘိုင်ယန်မြူးနစ်အာရုံကျနေသူစာရင်းမှာ ပါဝင်နေပါတယ်။