The network connection is lost.

Banner Image

မန်စီးတီးကစားသမားသစ်ဖြစ်လာတဲ့ ကူဆာနိုအား ခေါ်ယူရေးကို တားဆီးခဲ့ဖူးတဲ့ တန်ဟက်

ပေါင် ၃၃.၆ သန်းဖြင့် အပြီးသတ်ပြောင်းရွေ့လာပြီးနောက်မှာတော့ ကူဆာနိုဟာ မန်စီးတီးနှင့် ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဥဇဘတ်ကစ်စတန်ဘောလုံးသမားဟာ ပြီးခဲ့နွေရာသီက ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီးနောက် လီဂူးဝမ်းကလပ် လန်းစ်အတွက် ၁၆ ပွဲ အထိ ကစားပေးထားတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလားပွဲမှာ ဥဇဘတ်ကစ်စတန်အတွက် ကစားပေးခဲ့တဲ့ သူ့ကို ယူနိုက်တက်က ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး မကြာမီမှာ အိုးထရက်ဖို့ဒ်သို့ ခေါ်ယူဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကူဆာနိုဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်နေတာကြောင့် တန်ဟက်ဟာ အဆိုပါခေါ်ယူမှုကို တားဆီးခဲ့ကြောင်း ကစားသမားရဲ့အေးဂျင့်က ပြောပါတယ်။

နိုဝင်ဘာလမှာ တန်ဟက်ဟာ ယူနိုက်တက်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့် သူ့ရဲ့နေရာတွင် အစားဝင်ရောက်လာတဲ့ အမ်မိုရင်ရဲ့လက်ထက်မှာလည်း အသင်းက ရုန်းကန်နေရတုန်းဖြစ်ပါတယ်။ ဘယ်ကလပ်က ကူဆာနိုကို အရင်ဆုံး စိတ်ဝင်စားခဲ့တာလဲလို့ အေးဂျင်ထံမေးတဲ့အခါ " ယူနိုက်တက်ပါ" လို့ Championat သို့ ပြန်ဖြေပါတယ်။ "မေလ ၂၀၂၃ ခုနှစ်မှာ ယူနိုက်တက်ကင်းထောက် ချန်နယ်လီက အာဂျင်တီးနားမှာရှိခဲ့ပြီး ယူ ၂၀ ကမ္ဘာ့ဖလားကို ကြည့်ဖို့ရောက်နေတာပါ။ ဥဇဘတ်ကစ်စတန်နရဲ့ ဒုတိယပွဲအပြီးမှာတော့ သူက ကျွန်တော့်ကို ဆက်သွယ်ပြီး တွေ့ဆုံဖို့ ပြောခဲ့ပါတယ်"

"ကျွန်တော်ကလည်း အာဂျင်တီးနားမှာရှိနေတဲ့အတွက် ဘရူနိုအေးရိစ်မှာတွေ့ခဲ့ကြပေမယ့် ပွဲစဉ်တွေကြောင့် သေချာမပြောဖြစ်ခဲ့ကြပါဘူး" "အဲ့ဒီနောက် သူက ရိုဆာရီရိုမှာ ၁ ရက်သာနေခဲ့ပြီး ပြန်မှာပါ။ ကျွန်တော်က ဘရူနိုအေးရိစ်က လမ်းပေါ်မှာ ရိုဆာရီရိုသို့သွားဖို့ တက္ကဆီငှားခဲ့ပါတယ်" "ယာဉ်မောင်းက ရေးပါးပလိတ်ပရိသတ်ဖြစ်ပုံရပါတယ်။ တစ်လမ်းလုံး ဘာသာပြန်ကနေတဆင့် ဘောလုံးအကြောင်း ပြောဆိုဖို့ ကြိုးစားခဲ့ပါတယ်"

"ယူနိုက်တက် ကင်းထောက်ရောက်လာပြီး သူ့ရဲ့ အလုပ်လိပ်စာကဒ်ကို ပေးတော့ ယာဉ်မောင်းက ခင်များက ဘယ်သူတုန်းလို့ ပြောပါတယ်" "ကူဆာနိုမှာ ယူနိုက်တက် DNA ရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်သိလိုက်တာကတော့ ကျွန်တော့်ကစားသမားက အသင်းကြီးမှာ ကစားရတော့မယ်ဆိုတာပါ" "ကင်းထောက်က အသေးစိတ်မှတ်တမ်းကို လုပ်ဆောင်ခဲ့ပေမယ် နည်းပြတန်ဟက်ကတော့ ခံစစ်မှူးဟာ အသင်းကိုကူညီဖို့ အဆင်သင့်မဖြစ်လောက်သေးဘူးလို့ သုံးသပ်ခဲ့ပါတယ်"

မကြာသေးခင်ကပဲ ယူနိုက်တက်ကင်းထောက်နဲ့ ကျွန်တော့်စကားပြောခဲ့ပါတယ်။ ယူနိုက်တက်သို့မရောက်ခဲ့တဲ့ ကစားသမားက မန်စီးတီသို့ ပြောင်းသွားတဲ့အပေါ် ဂုဏ်ယူပါတယ်လို့ ပြောခဲ့ပါတယ်" လို့ အေးဂျင့်က ပြောပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးသို့ ပြောင်းရွှေ့ပြီးနောက် ကူဆာနိုက "မန်စီးတီးသို့ ပြောင်းခဲ့တဲ့အပေါ် ဝမ်းသာမိပါတယ်။ ဒီကလပ်ရဲ့ပွဲတွေကို ကျွန်တော်ကြည့်ခဲ့တာ ကြာပါပြီ"

"ဒီအသင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပြည့်နေတာပါ။ သူတို့နဲ့တွေ့ဆုံပြီး အတူကစားဖို့အတွက် မစောင့်နိုင်တော့ပါဘူး" "ဂွါဒီယိုလာဆိုတာကလည်း အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး သူ့ဆီကနေ သင်ယူဖို့အတွက်လည်း စိတ်လှုပ်ရှားနေပါပြီ" "မန်စီးတီးလို ကလပ်မျိုးသို့ ရောက်ရှိရတာဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာ အခိုက်တန့်ဖြစ်ပြီး ဒီစိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်တာထက် ပိုနေပါပြီ" လို့ ပြောပါတယ်။

မန်စီးတီးရဲ့ အားကစားဒါရိုက်တာက "အသင်းသို့ သူပြောင်းလာတဲ့အတွက် ကျွန်တော်တို့လည်း ပျော်ပါတယ်။ သူက ဘာတွေယူဆောင်လာမလဲဆိုတဲ့အပေါ် စိတ်လှုပ်ရှားနေပါပြီ" "ဒီလိုလူငယ်ခံစစ်မှူးတစ်ဦးက အရမ်းကိုဉာဏ်ကောင်းပြီး သန်မာမှုလည်းရှိကာ အရမ်းကို မြန်ဆန်ပါတယ်"

"ပတ်နှင့်အတူ လုပ်မယ်ဆိုရင် သူက ပိုကောင်းလာမှာပါ။ သူနဲ့စကားပြောကြည့်တော့ ကူဆာနိုက တိုးတက်ဖို့အတွက် ဆုံးဖြတ်ထားခဲ့တာပါ" "သူက စိတ်လှုပ်ရှားဖွယ်ရာ ခေါ်ယူမှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ကလည်း ဥရောပရဲ့အကောင်းဆုံး အသင်းဖြစ်ဖို့ ဆက်လက်ကြိုးစားနေတာပါ" လို့ ပြောပါတယ်။ဇန်နဝါရီလ လက်ရှိအချိန်အထိ မန်စီးတီးဟာ ကစားသမား ၄ ဦးအထိ ခေါ်ယူထားပြီး ကူဆာနိုနှင့်အတူ အက်ရှိဗာရီ၊ ဗစ်တာရီစ်နှင့် အိုမာမာမွတ်တို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းရဲ့အပြင်သို့ရောက်ခဲ့ပြီးနောက် ဆိုးရွားတဲ့ ရာသီအတွက် မန်စီးတီးက ပြန်လည်ပြင်ဆင်လိုနေတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ အဆင့် ၂၅ မှာ ရှိနေတာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အင်းဆွစ်ကို ၆-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီး ပြန်လာပြီလို့ အားကစားသုံးသပ်သူအချို့က ပြောကြားထားပေမယ့် ဂွါဒီယိုလာရဲ့အသင်းဟာ ပီအက်စ်ဂျီနှင့်ပွဲမှာ ၂ ဂိုး ဖြင့် ဦးဆောင်ပြီးမှ ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။