The network connection is lost.

Banner Image

ပွဲအပြီးမှာ ဒီကလန်ရိုက်စ်ဘက်က ပြန်လည်တောင်းပန်လာကြောင်း ဆလိုဗက်ကီးယားနည်းပြ ကယ်လ်ဇိုနာ ထုတ်ဖော်ပြောကြား

တနင်္ဂနွေနေ့က အချိန်ပိုမှာ အင်္ဂလန်အသင်းက အနိုင်ရပြီးနောက် ပွဲချိန်အတွင်းဖြစ်ပွားခဲ့တာတွေကို ပွဲအပြီးမှာ ဒီကလန်ရိုက်စ်က ပြန်လည် တောင်းပန်ခဲ့ကြောင်း ဆလိုဗက်ကီးယားနည်းပြ ကယ်လ်ဇိုနာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်ရဲ့အချိန်ပိုသွင်းဂိုးမတိုင်ခင် ဆလိုဗက်ကီးယားက ၁-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ကိန်းက ပထမပိုင်းအချိန်ပိုမှာ အင်္ဂလန်အတွက် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဆောက်ဂိတ်ရဲ့အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရိုက်စ်ကတော့ အချင်းများမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ကယ်လ်ဇိုနာက အင်္ဂလန်သားအနေနဲ့ တောင်းပန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရိုက်စ်က ကွင်းလယ်ဒိုင်တွေကို စကားပြောဆိုခဲ့သလို နှုတ်ဆက်ပြီး ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်ဒိုင်တွေနဲ့ စကားပြောဖြစ်ခဲ့သလို ရိုက်စ်ကလည်း တောင်းပန်ခဲ့ပါတယ်”လို့ ကယ်လ်ဇိုနာက ပြောကြားခဲ့ပါတယ်။ ကယ်လ်ဇိုနာဟာ အင်္ဂလန်အသင်းရဲ့အချိန်ဖြုန်းတဲ့နည်းစနစ်ကို မပျော်မရွှင်ဖြစ်နေပြီး တူရကီကွင်းလယ်ဒိုင် မီလာရဲ့အပြစ်မပေးမှုကိုလည်း ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော်တို့ လူကပ်တဲ့နည်းစနစ်နဲ့ သေချာလေးကစားခဲ့တာပါ။ ဒါပေမယ့် အခြေအနေတွေက ဒီလိုဖြစ်လာခဲ့တာပါ။ အဲ့တာကို လက်ခံပါတယ်။ အချိန်ပိုတစ်မိနစ်မှာ ပစ်ဖို့ဒ်တစ်ယောက် တစ်ချိန်လုံးအချိန်ဖြုန်းနေတာကို လက်မခံနိုင်ဖြစ်မိပါတယ်။ ကျွန်တော် ဒိုင်ရဲ့စွမ်းဆောင်ရည်ကိုလည်း မကြိုက်ပါဘူး။ အခြားဒိုင်တွေရဲ့ကိုင်တွယ်ပုံကိုလည်း မကြိုက်ပါဘူး။ သူတို့က ကျွန်တော်တို့ခုံတွေဆီကိုပဲလာပြီး အခြားခုံတွေကို လျစ်လျူရှုထားခဲ့ပါတယ်။ အဲ့တာကို ကျွန်တော် မချီးကျူးချင်ပါဘူး။ ကျွန်တော့်အသင်းအတွက်တော့ ဂုဏ်ယူမိပါတယ်။ ကျွန်တော် မနက်ဖြန်မှာ ဒီပွဲကိုပြန်ကြည့်မှာပါ။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေအစား ဂုဏ်ယူမိပါတယ်။ တစ်ခုတည်း မချီးကျူးချင်တာက အင်္ဂလန်ရဲ့အချိန်ဖြုန်းတဲ့နည်းစနစ်ကိုပါ”လို့ ကယ်လ်ဇိုနာက ပြောကြားခဲ့ပါတယ်။