The network connection is lost.

Banner Image

လန်ဒန်ကိုရောက်ရှိနေတဲ့ တော့တင်ဟမ် နဲ့ ချဲလ်ဆီးပစ်မှတ်

သတင်းတွေအရ တော့တင်ဟမ်အသင်း နဲ့ ချဲလ်ဆီးတို့စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်တစ်ယောက် လန်ဒန်ကိုရောက်နေတယ်လို့ သိရပါတယ်။ နယ်သာလန်သားရဲ့အနာဂတ်က မသေချာသေးချိန်မှာပဲ ကစားသမားက လန်ဒန်ကိုရောက်နေတယ်လို့ ဂျာမန်သတင်းဌာန Bild ကဖော်ပြခဲ့ပါတယ်။အသက် ၂၂ နှစ်သားဟာ နောက်ထပ်အသိပေးမှုတွေမရခင်အထိ လိုက်ပ်ဇစ်အသင်းလေ့ကျင့်ခန်းအစီအစဉ်ကနေ ထုတ်ပယ်ခံထားရပါတယ်။

လက်ရှိမှာ တော့တင်ဟမ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး မက်ဒီဆင်တစ်ယောက် ကာလရှည်နားရမှာဖြစ်တာကြောင့် ဇာဗီဆိုင်မွန်နဲ့ အစားထိုးချင်နေပါတယ်။ ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် လိုက်ပ်ဇစ်ဘက်က သူတို့စတားအတွက် ပေါင် ၅၉ သန်းလောက်အလိုရှိနေပါတယ်။ မက်ဒီဆင်ဒဏ်ရာကြောင့် တော့တင်ဟမ်ဟာ နံပတ် ၁၀ နေရာလိုအပ်နေပြီး ချဲလ်ဆီးအသင်းက ဆိုင်မွန်အစား လိုပက်ဇ်ကိုစာ ပြောင်းရွှေ့ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။

နယ်သာလန်သားက အသင်းဖော်ဟောင်း ဆက်စ်ကိုနည်းတူ ပရီးမီးယားလိဂ်ကိုပြောင်းချင်နေပါတယ်။ လိုက်ပ်ဇစ် နဲ့ ဇာဗီတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိရှိနေပေမယ့် ကစားသမားက အခုနွေမှာတင် အသင်းပြောင်းချင်နေပါတယ်။တော့တင်ဟမ်ဟာ ကစားသမားကိုအလိုရှိနေပေမယ့် လစာတောင်းဆိုမှုက မြင့်မားနေတာကြောင့် ခက်ခဲနေပါတယ်။ကစားသမားရဲ့အေးဂျင့် ဘာရက်တ်ကတော့ သူ့ကစားသမား ပရီးမီးယားလိဂ်ထံပြောင်းခွင့်ရဖို့ ကြားထဲကညှိနှိုင်းနေပါတယ်။

တော့တင်ဟမ်အနေနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပေမယ့် တရားဝင်ကမ်းလှမ်းမှုမလုပ်ရသေးတာဖြစ်ပါတယ်။ လက်ရှိမှာလည်းကစားသမားကိုယ်တိုင်က လန်ဒန်ကိုရောက်နေတာကြောင့် အပြောင်းအရွှေ့က အလျင်အမြန်ဖြစ်လာဖွယ်ရှိနေပါတယ်။