The network connection is lost.

Banner Image

အဲဗာတန်ကိုသရေကျခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အမှားလုပ်ခဲ့ကြောင်း ရှောင်ဒိုက် ယုံကြည်နေ

အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်က အာဆင်နယ်ဟာ စနေနေ့ပွဲမှာ ပွဲကစားချိန်အတွင်း ပွဲအစီအစဉ်ကို ပယ်ဖျက်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အာတီတာရဲ့အသင်းဟာ အခြားတစ်ဖက်မှာ လီဗာပူးအသင်းအမှတ်လျော့ခဲ့တာကို အခွင့်ကောင်းမယူနိုင်ခဲ့ပြ ရှောင်ဒိုက်ရဲ့အသင်းကို သရေသာကန်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အဲဗာတန်ရဲ့ခံစစ်ကောင်းမွန်မှုကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ရှောင်ဒိုက်က အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ ပွဲအစီအစဉ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်လာခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

“ဘောလုံးမရှိချိန်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ခင်ဗျားသိရပါတယ်။ ဒီလိုပွဲ ဒီလိုကွင်းမျိုးမှာ ကန်ရတာက ခက်ခဲပါတယ်။ ဒါကြောင့် အခြားအရာတွေကိုလည်း ပြင်ဆင်ထားရပါတယ်။ အာဆင်နယ်က ထိပ်တန်းအသင်းဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူတို့ ဘောလုံးကိုင်ပြီး အခွင့်အရေးကောင်းတွေဖန်တီးတတ်တယ်ဆိုတာ သိထားပါတယ်။ အဲ့တာကြောင့် သူတို့ကို အခွင့်အရေးကောင်းတွေအများကြီးမပေးခဲ့ပါဘူး။

ဂျော်ဒန်ကလည်း ဒီနေ့မှာ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့ပါတယ်။ ကစားသမားတွေကို အလှည့်ကျလုပ်ဆောင်ခိုင်းထားသလို အခြေခံအာရုံစိုက်မှုကိုလည်း လုပ်ဆောင်စေခဲ့ပါတယ်။ ပြီးတော့ မိနစ် ၉၀ အတွင်းသေချာလေးအာရုံစိုက်ဖို့ မှာကြားခဲ့ပါတယ်။ ကစားသမားတွေအစား ကျွန်တော်ဂုဏ်ယူပါတယ်။ သူတို့ မေးခွန်းတွေမေးကြသလို ပြဿနာတွေကိုလည်း မေးကြပါတယ်။ အဆုံးသတ်မှာ သူတို့ဖြတ်တင်ဘောတွေနဲ့ ကြိုးစားလာပါတယ်။ 

အဲ့တာက ကျွန်တော်တို့ခံစစ်ဘယ်လောက်ကောင်းလဲဆိုတာပြသနေပါတယ်။ နောက်တစ်ဆင့်ကတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ ကျွန်တော်တို့ အခုလိုမျိုး ဒီရာသီမှာအများကြီးလုပ်ပြထားပြီးပါပြီ”လို့ ရှောင်ဒိုက်က ပြောကြားခဲ့ပါတယ်။

ဆာကာ ၊ အိုဒီဂတ်တို့ကို ထိန်းချုပ်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ရှောင်ဒိုက်က “သူတို့က အာဆင်နယ်ရဲ့အဓိကကစားသမားတွေဆိုတာ မြင်နိုင်ပါတယ်။ အသင်းသားတွေကို ဆာကာ ၊ အိုဒီဂတ်တို့ရဲ့ heatmaps ကိုပြသခဲ့ပါတယ်။ ပြီးတော့ အခြားမတူညီတာတွေကိုလည်း ပြသခဲ့ပါတယ်။

ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့ရပါတယ်။ ဒူကိုရေးကလည်း ဒီနေ့မှာ အများကြီးစွမ်းဆောင်ပြထားပါတယ်။ ကွင်းလယ်မှာ မန်ဂါလာနဲ့အတွဲညီခဲ့သလို ဂူယီလည်း အတူတူပါပဲ။ ကျွန်တော်တို့ တစ်နေရာတည်းကို မကြည့်ပဲ ပွဲမတိုင်ခင် ကျွန်တော်ပြောသလို တည်ကန်ဘောတွေကိုလည်း ကျွန်တော်တို့ သေချာလေးပြင်ဆင်လာခဲ့ပါတယ်။

အာဆင်နယ်က တည်ကန်ဘောကောင်းတဲ့အသင်းဆိုတာကို လူတိုင်းသိပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော်ကျေနပ်ပါတယ်”လို့ ရှောင်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။