The network connection is lost.

Banner Image

အန်ဒီယာရေးက ပရီးမီးယားလိဂ်မှာ စကေးအကောင်းဆုံးကစားသမားလို့ ဂျက်ဂရီးလစ်ရှ် ချီးကျူး

 

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသထားနိုင်ကြောင်း သက်သေထူပြီးသား ကစားသမားတွေကို မျက်စိကျလေ့ရှိတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ဗျူဟာကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

မန်စီးတီးဟာ အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နေကြတဲ့ အန်တွမ်ဆီမန်ယိုကို ဘုန်းမောက်ကနေလည်းကောင်း၊ မာ့ခ်ဂေဟီကို ခရစ္စတယ်ပဲလေ့စ်ကနေလည်းကောင်း အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့တာပါ။ ဆီမန်ယိုနဲ့ ဂေဟီတို့ဟာ အီတီဟတ်ကွင်းမှာ အစပျိုးမှု ကောင်းမွန်ခဲ့ကြပေမဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကစားသမားတွေကို ခေါ်ယူမယ့် အစီအစဉ်က ဒီနွေရာသီမှာလည်း ဆက်ရှိနေနိုင်ပြီး၊ မန်စီးတီးဟာ ဆာဗင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် အဲဗာတန်အသင်းရဲ့ အီလီမန်အန်ဒီယာယေးကို စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဆာဗင်ဟိုကို ခေါ်ယူဖို့ လွဲချော်ခဲ့တဲ့ တော့တင်ဟမ်အသင်းဟာ အခုအခါမှာတော့ သူ့ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ တိုးတက်လုပ်ဆောင်နေပြီး၊ အန်ဒီယာယေးကို မန်စီးတီးက မျက်စိကျနေတဲ့ သတင်းကတော့ ဂျက်ဂရီးလစ်ရှ်အတွက် အကြိုက်တွေ့စရာ ဖြစ်လာပါလိမ့်မယ်။

ဒီအင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်အတွင်း ဒီဆီနီဂေါမုန်တိုင်းငယ်လေးနဲ့ ကွင်းတွင်းနားလည်မှု ရရှိခဲ့ပြီး၊ သူ့ကို "ပရီးမီးယားလိဂ်မှာ စကေးအကောင်းဆုံး ကစားသမား" လို့တောင် တင်စားခဲ့ဖူးပါတယ်။

ဒီဇင်ဘာလတုန်းက ဂရီးလစ်ရှ်က "အန်ဒီယာယေးက ပရီးမီးယားလိဂ်မှာ စကေးအကောင်းဆုံး ကစားသမားပါ။ စစ်မှန်တဲ့ အလိမ်အခေါက် အရည်အချင်းပိုင်းမှာတော့ ဟုတ်ပါတယ်။ ကျွန်တော် ဒီမှာထိုင်ပြီး သူဟာ အကောင်းဆုံးဖြစ်လာနိုင်တယ်လို့ ပြောနေတာမဟုတ်ပေမဲ့ စကေးကတော့ အကောင်းဆုံးပါပဲ။ ဥပမာ- ဆာကာဆိုရင် အရမ်းတော်တယ်၊ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးပေါ့၊ ဒါပေမဲ့ သူက အလိမ်အခေါက် အတတ်ပညာ ကို အန်ဒီယာရေးလောက် သိပ်မသုံးပါဘူး" လို့ ပြောကြားခဲ့တာပါ။

အဲဗာတန်မှာ အောင်မြင်တဲ့ အငှားသက်တမ်း ကုန်ဆုံးပြီးနောက် မန်ချက်စတာကို ပြန်လာတဲ့ ဂရီးလစ်ရှ်ရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေဆဲပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ၃၂ ပွဲမှာ ၆ ဂိုး သွင်းယူခဲ့တဲ့ အန်ဒီယာယေးအပေါ် သူချီးကျူးခဲ့တဲ့ စကားတွေက မန်စီးတီးအသင်းကို ဒီကစားသမား ခေါ်ယူဖြစ်အောင် ဆွဲဆောင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။