လူးဝစ်စကယ်လီရဲ့ အနာဂတ်က တောက်ပနေပါတယ်လို့ ပြောကြားလိုက်တဲ့ ဆာကာ
အာဆင်နယ်အတွက် ချန်ပီယံလိဂ်ပွဲဦးထွက်နိုင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူးဝစ်စကယ်လီမှာ တောက်ပတဲ့အနာဂတ်ရှိကြောင်း ဆာကာက ယုံကြည်နေပါတယ်။
လူးဝစ်စကယ်လီဟာ ဆာကာလိုပဲ အာဆင်နယ်အကယ်ဒမီထွက်ဖြစ်ကာ အသင်းရဲ့ခံစစ်တွင် ဒဏ်ရာရ ကစားသမားများပြားနေချိန် မိုနာကိုနှင့်ပွဲမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။သို့သော်လည်း လူငယ်ကစားသမားလေးဟာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆကာရဲ့အဖွင့်ဂိုးတွင် ဂျီးဆပ်ထံ အဓိက ပေးပို့မှုလုပ်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ပွဲမစခင်မှာ လူးဝစ်စကယ်လီဟာ ကာရာဘောင်ဖလားမှာ ဂန်နာတွေအတွက် နှစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် စကော့တလန်လက်ရွေးစင် တီယာနေးကို ကျော်ကာ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။
"သူ့ရဲ့အနာဂတ်က အရမ်းတောက်ပနေပါတယ်" လို့ အသက် ၂၃ နှစ်အရွယ် ဆာကာက TNT Sports သို့ ပြောကြားခဲ့သည်။ "သူရထားတဲ့ အရှိန်ကိုပဲ ထိန်းထားဖို့ လိုပါတယ်။ သူရဲ့ စိတ်ဓာတ်က ထိပ်တန်းပါပဲ၊ သူဟာ အမြဲတမ်း မေးခွန်းတွေ မေးပြီး သင်ယူဖို့ ကြိုးစားနေသူပါ"
"ကျွန်တော် သူ့ကို ပွဲမစခင်မှာ ပြောခဲ့သလိုပဲ ဒါက သူ့အဆင့်ပဲလေ။ သူ့ယုံကြည်ချက်နဲ့ လေ့ကျင့်ရေးမှာ ဘာတွေလုပ်နေလဲဆိုတာကို သံသယမရှိဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူ့အတွက် ကျေနပ်မိပါတယ်။ သူက ပထမဂိုးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ့အတွက် ဂုဏ်ယူမိပါတယ်" လို့ ဆာကက ပြောပါတယ်။
စကယ်လီဟာ တင်ဘာအစား ဝင်ရောက် ကစားခဲ့တာလည်းဖြစ်ပါတဘ်။ သို့သော်လည်း မိုနာကိုနှင့်ပွဲတွင် မပါဝင်နိုင်ခဲ့တဲ့ ကာလာဖီအိုရီနှင့် ဇင်ချန်ကိုတို့ ဒဏ်ရာရရှိနေတာကြောင့် လူငယ်ကစားသမားကို အာတီတာက နောက်ထပ်အခွင့်အရေးများ ပေးစွမ်းနိုင်ဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဟာ မိုနာကို အနိုင်ရရှိထားတာကြောင့် ၃၆ သင်းပါဝင်တဲ့လိဂ်ပုံစံတွင် တတိယနေရာတွင် ရပ်တည်နေပြီး ထိပ်တန်းရှစ်သင်းအတွင်းရှိနေတာကြောင့် ၁၆ သင်းအဆင့်သို့ အလိုအလျောက်တက်ရောက်ဖို့ အရည်အချင်းပြည့်မီရန် အာမခံချက်ရှိနေပါတယ်။
လီဗာပူးနဲ့ ၆ မှတ်အကွာမှာရှိနေတဲ့ အာဆင်နယ်ဟာ လာမယ့်ရက်သတ္တပတ် စနေနေ့မှာ အမ်းမရိတ်စ်တွင် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ကစားရမှာဖြစ်ပြီး အဲ့ဒီနောက် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။