The network connection is lost.

Banner Image

ကာရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ရွန်းနီထောက်ခံ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက အသင်းရဲ့ကွင်းလယ်လူ‌ဟောင်း မိုက်ကယ်ကာရစ်ကို ရာသီကုန်အထိ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ကို နည်းပြရာထူးမှဖယ်ရှားပြီးနောက် ယခုအခါမှာတော့ ဖလက်ချာကို ရာသီကုန်အထိ ယာယီကိုင်တွယ်သွားဖို့ တာဝန်ပေးထားတာဖြစ်ပါတယ်။ 

ယခုအခါမှာ ရွန်းနီက "လောလောဆယ်မှာ ထိပ်တန်းနည်းပြကြီးတွေက အားလပ်နေတာမရှိသေးတော့ အခုလို ကာရစ်ကိုရွေးချယ်လိုက်တဲ့ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွေးချယ်မှုလို့လည်းထင်ပါတယ်"

"ကာရစ်အတွက်တော့ ဒီအလုပ်က ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်လာမှာပါ။ လက်ရှိ မန်ချက်စတာယူနိုက်တက်ရောက်နေတဲ့အခြေအနေက သိပ်ကောင်းတဲ့အခြေအနေမဟုတ်တော့ ကာရစ်အနေနဲ့ တည်ငြိမ်မှုရအောင် အရင်ကြိုးစားရပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့် စနေနေ့မှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ကာရစ်တစ်ယောက် နည်းပြဘဝပွဲဦးထွက်ကို စတင်ကိုင်တွယ်ရမှာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ရွန်းနီက "ဒါက အသင်းအတွက်ရော၊ ကာရစ်အတွက်ပါ အရမ်းအရေးကြီးတဲ့ပွဲပါ။ ကာရစ်အနေနဲ့ ယူနိုက်တက်အတွက် တည်ငြိမ်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေယူဆောင်ပေးလာနိုင်မယ်လို့ ထင်ပါတယ်။ ဒါက လက်ရှိယူနိုက်တက်လိုအပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ထိပ်တန်းအသင်းဖြစ်တာကြောင့် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ သူတို့ဆီက ရလဒ်ကောင်းရဖို့ကတော့ အရမ်းခက်ခဲပါလိမ့်မယ်"

"ဒါပေမဲ့ နှစ်ပေါင်းများစွာကျွန်တော်တို့ ကြုံတွေ့ခဲ့ရသလိုပါပဲ။ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့စစ်မှန်တဲ့စွမ်းဆောင်ရည်တွေပြသနိုင်မယ်ဆိုရင် ဘယ်ပွဲမဆို အနိုင်ရနိုင်ပါတယ်။ စနေနေ့မှာလည်း အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။