
ယူနိုက်တက်ကနေထွက်ခွာဖို့အကြောင်းနှင့်ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်အား ဘာပြောလိုက်သလဲဆိုတာ ပြောကြားလိုက်တဲ့ ရွန်းနီ
ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ် ဝေးရာသို့ထွက်ခွာကာ စိန်ခေါ်မှုအသစ် ရှာဖွေလိုကြောင်း ဒီဇင်ဘာလတွင် ပြောကြားခဲ့ပြီးနောက် ယူနိုက်တက် မှ ထွက်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ညီအစ်ကိုနှင့် အေးဂျင့်ဖြစ်သူ မေနက်က ဒီလတွင် အေစီမီလန် နှင့် ညှိနှိုင်းဆွေးနွေးရန် အီတလီသို့ သွားရောက်ခဲ့သော်လည်း စီးရီအေကလပ်နှင့် သဘောတူညီချက် မရရှိတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ ဦးစားပေးရွေးချယ်မှုက ဘာစီလိုနာ ဖြစ်ကြောင်း သိရသော်လည်း သူရဲ့ တစ်ပတ် လုပ်ခ ၃၂၅,၀၀၀ က လာလီဂါရဲ့ငွေကြေးကန့်သတ်ချက်များအောက်တွင် ရှိနေတဲ့ ကက်တလန်အသင်းအတွက် အဓိက အဟန့်အတားဖြစ်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့နောက်ဆုံး ၁၁ ပွဲတွင် ပါဝင်ခြင်းမရှိဘဲ သူရဲ့ အသင်းဖော်ဟောင်းဟာ တစ်ဦးတည်း လေ့ကျင့်နေဆဲဖြစ်ကြောင်း ရွန်းနီက ပြောကြားလိုက်ပါတယ်။
"ကျွန်တော်က တနင်္ဂနွေနေ့မှာ ကာရင်တန်သို့ ကလေးတွေရဲ့ပွဲစဉ်ကြည့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာ ရက်ရှ်ဖို့ဒ်က လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနှင့်အတူ ရှိနေပြီး သူက မိဘတွေရဲ့ပွဲကြည့်ဖို့နေရာသို့ သွားဖို့ လမ်းရဲ့ညာဘက်ဘေးမှာ ရှိနေခဲ့ပါတယ်" "ကျွန်တော်သူ့ကို ကြည့်မိတော့ အကယ်၍ ဒါက ကျွန်တော်ဖြစ်နေရင် မိဘတွေ ဖြတ်သွားနေတာက ဘယ်လောက် ရှက်စရာကောင်းလဲလို့ တွေးမိပါတယ်" "အခုလည်း ပြန်ပြင်ဆင်နေတာကြောင့် သူတို့တွေက အကယ်ဒီမီဘက်မှာ ရှိနေပါတယ်။ ဒါကြောင့် သူက အဲဒီမှာ ရှိနေတာပါ" လို့ ရွန်းနီက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နေ့တိုင်း အပြည့်အဝ မလုပ်နိုင်တာကြောင့် ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းကနေ ဆက်လက်ချန်ထားခံရကြောင်း အမ်မိုရင်က ပြောခဲ့တာကြောင့် ရွိုင်ကိန်းက အလွန်ဒေါသထွက်ခဲ့ပါတယ်။ "ကျွန်တော် ဒီစကားဝိုင်းထဲ မပါနိုင်ဘူး။ ကျွန်တော်နားမလည်နိုင်တာက ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ကစားသမားတွေ ထွက်ခွာနေတာပါ သူ့မှာ စာချုပ်သက်တမ်း ၄ နှစ်ကျန်ပြီး လေ့ကျင့်မှု မှန်မှန်ကန်ကန် မလုပ်တဲ့ ကစားသမားတစ်ယောက်ပါ"
"ကျွန်တော်နားမလည်မိပါဘူး ခင်များတို့အနေနဲ့ ကျွန်တော့်ကို ဒီစကားဝိုင်းထဲက ထုတ်ထားလိုက်တာ ပိုကောင်းမယ်" "အထူးသဖြင့် သူပြောင်းရွှေ့ချင်တယ်ဆိုရင် ပိုပြီး မှန်မှန်ကန်ကန် လေ့ကျင့်သင့်ပါတယ်။ ဒါမှ အသစ်ရောက်တဲ့အခါ မင်းက လိုက်နိုင်မယ် အသင်းကနေ ထွက်တဲ့အခါမှာလည်း မင်းရဲ့ စိတ်ထားကောင်းကို ပြသခဲ့တယ်လို့ ထင်ရမယ်။ ဒါကြောင့် ဒီအရာတွေအားလုံးက သူ့အပေါ်မှာ ပစ်ပေါက်နေတာဖြစ်ပြီး ရှက်စရာဖြစ်နေမှာပဲ" လို့ ကိန်းက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လုံလောက်တဲ့ လေ့ကျင့်မှုမရှိကြောင်း သတင်းများထွက်ပေါ်တဲ့အပေါ် အံ့အားသင့်မိသလားဟု မေးမြန်းခံရသောအခါ ရွန်းနီက "ဒီအရာက ၂ နှစ်ကျော်ကတည်းက စခဲ့တာဆိုတော့ ကျွန်တော် အဲဒီတုန်းက အံ့အားသင့်ခဲ့ပါတယ် အခုတော့ မဟုတ်တော့ပါဘူး" "ကျွန်တော် ရက်ရှ်ဖို့ဒ် နဲ့ ၂ ကြိမ်လောက် စကားပြောဖူးပါတယ်။ ကျွန်တော့်ရဲ့ အတွေးအမြင်တွေ အကြံဉာဏ်တွေကို ပေးခဲ့ပါတယ် မင်းအသင်းကနေ ထွက်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်"
"ဘာလို့လဲဆိုတော့ သူ့ဘဝမှာ ဘာဖြစ်နေဖြစ်နေ ယူနိုက်တက်မှာ ဘာဖြစ်နေဖြစ်နေ သူက အရင်ကလိုမဟုတ်တော့ပါဘူး။ ဒါကြောင့် သူ့အတွက် အသစ်တစ်ခု စတင်ဖို့ အသင်းကနေ ထွက်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်" "ဒါပေမယ့် ရွိုင်ကိန်းပြောတာကို သဘောတူပါတယ်။ မန်နေဂျာက မင်းလေ့ကျင့်မှု မမှန်ဘူးလို့ ထွက်ပြောတာကတော့ ရူးချင်စရာပါ"
"ကျွန်တော် ဖာဂူဆန်ကို အသင်းကနေ ထွက်ခွာခွင့်တောင်းတုန်းက ကျွန်တော်က နေ့တိုင်း လေ့ကျင့်ခန်းလုပ်ခဲ့တယ် အလုပ်လုပ်ခဲ့တယ်။ ဖာဂီက ကျွန်တော် ထွက်ခွာခွင့်တောင်းပြီး ၂လအကြာမှာ ကျွန်တော့်ကို ထုတ်ပစ်လိုက်တယ်။ ဒါကြောင့် မန်နေဂျာတွေက ကစားသမားတစ်ယောက်ကို ဖယ်ရှားဖို့လိုတဲ့အချိန်မှာ လုပ်တတ်ပါတယ်" "ရက်ရှ်ဖို့ဒ် နဲ့ပတ်သက်ပြီး ၂ နှစ်ကျော်ကြာလာနေခဲ့ရတာက ဝမ်းနည်းစရာပါ။ တကယ်ကို ဝမ်းနည်းစရာပါ" လို့ ပြောပါတယ်။