The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ သရဲနီနဲ့ ဂန်နားများ

မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ် (ပွဲပြီးရလဒ်)

ပွဲချိန်တလျှောက်လုံး ဧည့်သည်အာဆင်နယ်က ပိုမိုထိရောက်တဲ့ကစားဟန်မျိုး ပြသနိုင်ခဲ့ပေမယ့် အဝေးကွင်းအဖိုးတန်နိုင်ပွဲရရှိဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ တဖက်မှာလည်း ပွဲဆက်တွေများပြီး ပွဲပန်းနေဟန်ရှိတဲ့ ယူနိုက်တက်က အိမ်ကွင်းမှာ ပြိုင်ဘက်ကိုမာမာထန်ထန်တုံ့ပြန်ရင်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းမပြီးဆုံးခင် ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်က ဖရီးကစ်မှတဆင့် တိုက်ရိုက်ကန်သွင်းခဲ့ပြီး အာဆင်နယ်အတွက်ချေပဂိုးကိုတော့ ဒီကလန်ရိုက်စ်က ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးဇယားဦးဆောင်သူလီဗာပူး(တစ်ပွဲပိုကစား)နဲ့ ၁၅ မှတ် ကွာဟသွားခဲ့ပါတယ်။