The network connection is lost.

Banner Image

ဂါလာတာစာရေးအသင်းကနေထွက်ခွာပြီးနောက် အနားယူကြောင်း နာပိုလီစတားဟောင်း အတည်ပြု

ဂါလာတာစာရေးအသင်းကနေထွက်ခွာပြီးနောက် နာပိုလီစတားဟောင်း ဒရိုင်းမာတင်တစ်ယောက် ကစားသမားဘဝကနေအနားယူကြောင်း ကြေညာလိုက်ပါတယ်။ ဒရိုင်းမာတင်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေအနားယူကြောင်း လူမှုမီဒီယာကနေ တရားဝင်ကြေညာခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ ဂါလာတာစာရေးအသင်းအတွက် နောက်ဆုံးပွဲကစားပြီးနောက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။

ဥရောပအသင်းတော်တော်များများမှာကစားခဲ့ပြီးနောက် မာတင်ဟာ ပရော်ဖက်ရှင်နယ်ဘဝကနေ အနားယူခဲ့တာဖြစ်ပါတယယ်။ မာတင်တစ်ယောက် ကစားသမားဘဝကို ယူထရက်ချ်အသင်းမှာ စတင်ခဲ့ပြီး အဲ့နောက် ပီအက်စ်ဗွီထံပြောင်းရွှေ့ခဲ့ကာ နာပိုလီအသင်းမှာတော့ သမိုင်းတစ်လျှောက်ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

မာတင်ဟာ နာပိုလီအတွက် ၃၉၇ ပွဲမှာ ၁၄၈ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂါလာတာစာရေးအသင်းမှာတော့ ၃ ရာသီကစားခဲ့ကာ လိဂ်ဖလား ၃ ကြိမ် ၊ တူရကီဖလား နဲ့ စူပါဖလားတွေရယူနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းမှာတော့ မာတင်တစ်ယောက် ဘယ်လ်ဂျီယံနဲ့အတူ ရွှေရောင်မျိုးဆက်ကို ဖြတ်သန်းခဲ့ကာ ၁၀၉ ပွဲမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အနားယူကြောင်း ကြေညာတဲ့ဗီဒီယိုမှာ အသင်းဖော်ဟောင်း ဟမ်ဆစ်နဲ့အတူတူကစားရမယ့်အပေါ် “ကျွန်တော် ခင်ဗျားနဲ့အတူတူကစားခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အဲ့တာကစားပြီးရင်တော့ အနားယူတော့မှာပါ။ ဒီပွဲက နောက်ဆုံးပွဲပါ။ ကျွန်တော့်ဖိနပ်ကိုနောက်ဆုံးဝတ်ဆင်မယ့်ပွဲပါ။ ကျွန်တော့်အတွက် ခင်ဗျားက အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်နေမှာဖြစ်သလို တွဲကစားဖူးသမျှထဲမှာ အသန်မာဆုံးကစားသမားဖြစ်နေမှာပါ”လို့ မာတင်က ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ မာတင်ဟာ ပြည်ပ ၁၁ ယောက်အသင်းမှာ ကာဗာနီ ၊ ရေနာ ၊ ကယ်လီဂျွန် ၊ ကူလီဘာလေ ၊ မာရာဒိုနာတို့နဲ့အတူ ပါဝင်မှာဖြစ်ပါတယ်။ သူတို့အသင်းဟာ ဆလိုဗက်ကီးယားအသင်းနဲ့ရင်ဆိုင်မှာဖြစ်ပြီး မာတင်စကာတယ် ၊ စကီနီရာ ၊ လိုဘော့တ်ကာတို့ ပါဝင်မှာဖြစ်ပါတယ်။