ယူနိုက်တက်စတားကို အင်တာမိုင်ယာမီထံ ခေါ်ယူချင်နေတဲ့ ဘက်ခမ်း
သတင်းတွေအရ အင်တာမီယာမီအသင်းပိုင်ရှင် ဘက်ခမ်းတစ်ယောက် ယူနိုက်တက် နောက်ခံလူဟောင်း ဗာရာနီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်သားဟာ အခုရာသီအကုန်တုန်းက ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပြီး အလွတ်နဲ့ထွက်ခွာမှာ ဖြစ်တာကြောင့် အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ မယ်ရာသတင်းဌာနရဲ့အဆိုအရ ပြင်သစ်သားကို အင်တာမိုင်ယာမီ အသင်းက ချိတ်ဆက်နေပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့ကလည်း ဆွဲဆောင်ဖွယ်ရှိနေပါတယ်။
အင်တာမီယာမီဟာ ဘာစီလိုနာစတားတွေဖြစ်တဲ့ ဘက်စ်ကွက်နဲ့ အယ်လ်ဘာတို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဗာရာနီဟာ ၂၀၂၁ ဇူလိုင်တုန်းက ရီးရဲလ်ကနေ ပေါင် ၃၄ သန်းနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ၉၃ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဘက်ခမ်းက ပြင်သစ်သားကို ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ ပွဲ ၂၀ ကစားပြီးနောက် မေဂျာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ဗာရာနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်အေဖလား မကိုင်မြှောက်ခင် ၂၀၂၃ တုန်းက ကာရာဘောင်ဖလားရယူနိုင်ခဲ့ပါတယ်။ ဝင်ဘာလေမှာ မန်စီးတီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲမတိုင်ခင် ဗာရာနီက ယူနိုက်တက်ပရိသတ်တွေကို ဝမ်းနည်းဖွယ်နှုတ်ဆက်စကားဆိုခဲ့ပါတယ်။
“ဒီစပယ်ရှယ်အသင်းအတွက် နှစ်အနည်းငယ်ကစားခွင့်ရခဲ့တာက တကယ့်အံ့ဖွယ်ပါ။ ယူနိုက်တက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကို ရောက်တုန်းက ပရိသတ်တွေရဲ့အားပေးမှုက တကယ့်အံ့ဖွယ်ပါ။ ဝင်ဘာလေကို ပရိသတ်တွေနဲ့သွားရချိန်မှာလည်း တကယ့်အမှတ်တရဖြစ်ခဲ့ပါတယ်။ ကာရာဘောင်ဖလား ရယူနိုင်ခဲ့တာကလည်း တကယ့်အံ့ဖွယ်ပါ။ ကျွန်တော်တို့ ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် အနာဂတ်အတွက် အရမ်းကိုမှအပေါင်းလက္ခဏာဆောင်နေပါတယ်။ အသင်းပိုင်ရှင်အသစ်ကြောင့် ရှင်းလင်းတဲ့အစီအစဉ်တွေနဲ့ ပိုကောင်းလာနိုင်ပါတယ်”လို့ ဗာရာနီက ပြောကြားခဲ့ပါတယ်။
ဗာရာနီဟာ ရီးရဲလ်အသင်းအတွက် ၁၀ နှစ်ကြာက စားပေးခဲ့တာဖြစ်ပြီး လာလီဂါ ၃ ကြိမ် ၊ ချန်ပီယံလိဂ် ၃ ကြိမ် ၊ စပိန်စူပါဖလား ၃ ကြိမ် နဲ ကိုပါဒယ်ရေးဖလား ၃ ကြိမ်ရယူနိုင်ခဲ့ပါတယ်။