The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုပြိုင်ပွဲမှာ မက်ဆီကိုအရေးနိမ့်ခဲ့လို့ ဒေါသထွက်မိခဲ့တယ်လို့ ရော်နယ်ဒို ဝန်ခံပြောကြားလာ

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက ဘော်လွန်းဒီအော်ဆုပြိုင်ပွဲမှာ မက်ဆီကိုအရေးနိမ့်ခဲ့လို့ ဒေါသထွက်မိခဲ့တယ်လို့ ရော်နယ်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားဟာ ၂၀၀၈ တုန်းက ရွှေဘောလုံးဆုကိုရယူနိုင်ခဲ့ပြီး အဲ့နောက် ၂၀၁၃ ကနေ ၂၀၁၇ အထိ ၅ နှစ်အတွင်းမှာ ဘော်လွန်းဒီအော်ဆု ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

အဲ့ကတည်းက မက်ဆီကပဲ ဘော်လွန်းဒီအော်ဆုကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက အဆိုပါအနေအထားနဲ့ပတ်သက်လို့ ဒေါသထွက်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “တကယ့်ကို မယုံကြည်နိုင်စရာပါ။ ဗင်နီက ဘော်လွန်းဒီအော်ဆုရှင်ဖြစ်ခဲ့သင့်တာပါ။ ကျွန်တော် အကြိမ်တော်တော်များများ အခုလိုခံစားရဖူးပါတယ်။ ဒေါသလည်းထွက်မိခဲ့ပါတယ်။ အချိန်အတော်ကြာမှနားလည်လိုက်တာက ဒီလိုပြိုင်ပွဲတွေက ခင်ဗျားအနေနဲ့အနိုင်ဖို့ မလွယ်ဘူးဆိုတာကိုပါ နားလည်လိုက်ပါတယ်”လို့ ဗင်နီကိုကျော်ဖြတ်ပြီး ရိုဒရီဆုရခဲ့တဲ့အပေါ် ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ အသက် ၄၀ လောက်အထိ ဆက်ကစားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် သူ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး “ခင်ဗျားအောင်မြင်ခဲ့တာတွေကို ချီးကျူးကြပါလိမ့်မယ်။ ကျွန်တော်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့လူစားမျိုးပါ။ တစ်ချို့အချိန်တွေမှာ ကျွန်တော်အောင်မြင်ခဲ့တာတွေကို ကျွန်တော်မေ့နေပါတယ်။

တကယ်လို့ တစ်စုံတစ်ယောက်သာ ကျွန်တော့်နေရာမှာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အနားယူခဲ့တာကြာပါပြီ။ ကျွန်တော်က မတူညီတဲ့ကစားသမားပါ”လို့ ရော်နယ်ဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဆိုပါအချက်တွေကပဲ ရော်နယ်ဒိုကို အခုချိန်အထိ မောင်းနှင်နေတာဖြစ်ပြီး အနားယူဖို့ ဝေးကွာနေစေတာဖြစ်ပါတယ်။

မက်ဆီအားပေးသူတွေက တစ်မျိုးမြင်နေပေမယ့် ပေါ်တူဂီသားကတော့ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။