
မန်စီးတီး ၊ လီဗာပူးတို့နဲ့တွေ့ဆုံမယ့် ရီးရဲလ်စတားရဲ့အေးဂျင့်
ရီးရဲလ်တောင်ပံကစားသမား ရိုဒရီဂိုရဲ့တာဝန်ရှိသူတွေဟာ မန်စီးတီး ၊ လီဗာပူးတို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဘရာဇီးသားရဲ့ရီးရဲလ်အသင်းနဲ့ကြား အခြေအနေက အလွန်ဆိုရောက်လာပြီးနောက်ပိုင်းကတည်းက ဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက လာလီဂါအဖွင့်ပွဲစဉ်အဖြစ် အိုဆာဆူနာနဲ့ပွဲမှာ ရိုဒရီဂိုတစ်ယောက် လူစားလဲပါဝင်ခွင့်တောင်မရခဲ့တာဖြစ်ပါတယ်။
သတင်းထောက် နီကိုလာရဲ့အဆိုအရ ရိုဒရီဂိုဟာ အခုနွေရာသီမှာ မက်ဒရစ်ကနေထွက်ခွာဖို့ အရမ်းနီးစပ်နေပြီး ပရီးမီးယားလိဂ်ပြောင်းလောက်တယ်လို့ ဆိုပါတယ်။ ဘရာဇီးသားကို မန်စီးတီး နဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေပါတယ်။ သတင်းထောက် နီကိုလာက ဆက်လက်ပြီး ဆာဗင်ဟိုတစ်ယောက် စီးတီးကနေထွက်ခွာဖွယ်ရှိနေတာကြောင့် ဂွါဒီယိုလာဟာ ရိုဒရီဂိုကို အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းကလည်း အခြားတစ်ဖက်မှာ ဒီယက်ဇ်နေရာအတွက် ရိုဒရီဂိုနဲ့ အစားထိုးချင်နေပါတယ်။ အိုဆာဆူနာနဲ့ပွဲမှာ ရိုဒရီဂိုကိုလူစားမလဲခဲ့တာနဲ့ပတ်သက်ပြီး အလွန်ဆိုက “ရိုဒရီဂိုလား?။ ဘာမှမဖြစ်လာပါဘူး။ ကျွန်တော်ရိုဒရီဂိုကိုထည့်သွင်းထားပါတယ်။ အဲ့တာက ပွဲတစ်ပွဲဖြစ်သလို ကျွန်တော်ဆုံးဖြတ်ချက်ပါ”လို့ ပွဲအပြီးမှာ ဖြေကြားခဲ့ပါတယ်။
ရိုဒရီဂို နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ မှကုန်ဆုံးမှာဖြစ်ပြီး ပေါင် ၈၆ သန်းလောက်ရမှသာ ရီးရဲလ်ဘက်က ရောင်းချချင်နေပါတယ်။ အခုနွေရာသီမှာ အင်္ဂလန်မြေကို အသက် ၂၄ နှစ်သားရောက်ရှိလာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။