The network connection is lost.

Banner Image

မတူညီတဲ့မေဆင်ကို မြင်တွေ့ရလို့ ဝမ်းသာနေတဲ့ မာဆေးလ်နည်းပြ ဒီဇာဘီ

မာဆေးလ်နည်းပြ ဒီဇာဘီက ပြောင်းလဲလာတဲ့ မေဆင်ဂရင်းဝုဒ်ကို မြင်တွေ့ရလို့ ဝမ်းသာနေပါတယ်။ နားရက်ကနေပြန်လာပြီးနောက် မေဆင်ဟာ ခြေစမ်းပွဲ ၂ ပွဲမှာ ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အဲ့ထဲမှာ နယ်သာလန်ကလပ် မက်စ်လူးဝစ်အသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်း ပါဝင်နေပါတယ်။ ယူနိုက်တက်ကနေထွက်ခွာပြီးနောက် ပြီးခဲ့တဲ့ရာသီတုန်းက ပြင်သစ်မြေမှာ ပွဲဦးထွက်ရာသီ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

အင်္ဂလန်သားဟောင်းဟာ မာဆေးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုရှင် ဒမ်ဘီလီရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုချိန်မှာ ပြင်သစ်မြေပြန်လာပြီးနောက် လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ မာဆေးလ်နည်းပြ ဒီဇာဘီကတော့ အသက် ၂၃ နှစ်သား တိုးတက်လာတာကို ပျော်ရွှင်နေပါတယ်။
“လေ့ကျင့်ခန်းပြန်လာချိန်မှာ သူ့ကိုကြည့်ရတာ အရမ်းကောင်းနေပါတယ်။ မတူညီတဲ့မေဆင်ကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူအောင်မြင်ခဲ့တဲ့အပေါ်မှာ ဆက်လက်တိုးတက်လာနေပါတယ်။

နားရက်အတွင်းမှာတောင် သူအလုပ်ကြိုးစားခဲ့ပါတယ်။ ဒီလိုမျိုးသူပြေးတာက အခြားသူတွေထက် ပိုကောင်းနေပါတယ်”လို့ ဒီဇာဘီက ဖြေကြားခဲ့ပါတယ်။ အင်္ဂါနေ့မှာ မာဆေးလ်အသင်းဟာ ဗလန်စီယာအသင်းနဲ့ နောက်ထပ်ရာသီကြိုခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။