The network connection is lost.

Banner Image

ရိုဒရီဂိုအတွက် ပြောင်းအရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

မီကယ် အာတီတာက လာမည့် အပြောင်းအရွှေ့ကာလတွင် တိုက်စစ်ပိုင်း ဘယ်ညာနှစ်ဖက် ကစားနိုင်သော ကစားသမားသစ်တစ်ဦးကို ရှာဖွေနေပြီး ရိုဒရီဂိုဟာ အသင်းရဲ့ စာရင်းတွင် အက်သလက်တစ် ဘီလ်ဘာအိုမှ နီကို ဝီလျံစ်နှင့်အတူ ပါဝင်နေပါတယ်။

Cadena SER ရဲ့ ဖော်ပြချက်အရ ရိုဒရီဂိုရဲ့ ကိုယ်စားလှယ်တွေဟာ ဖြစ်နိုင်ချေရှိသော ကလပ်များထံမှ စိတ်ဝင်စားမှုရရှိရန် စျေးကွက်ကို စုံစမ်းနေကြပါတယ်။အဆိုပါ သတင်းတွင် အာဆင်နယ်ဟာ ပြည်ပမှကမ်းလှမ်းတဲ့ ပရီးမီးယားလိဂ်အသင်း နှစ်သင်းထဲမှ တစ်သင်းဖြစ်ပြီး ဘရာဇီးလက်ရွေးစင်ကို ခေါ်ယူရန် စဉ်းစားနေကြောင်း ဖော်ပြထားပါတယ်။

အာဆင်နယ်ဟာ ရိုဒရီဂိုကို ခေါ်ယူရန်မှာ ခက်ခဲတဲ့ လုပ်ငန်းစဉ် ဖြစ်ကြောင်း သိရှိထားပြီး မက်ဒရစ်က အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၈၀ (ပေါင် ၆၇.၅ သန်း) တောင်းဆိုမှာဖြစ်ပါတယ်။ ရိုဒရီဂိုကို ၂၀၁၈ ခုနှစ်တွင် ဘရာဇီးကလပ် ဆန်းတို့စ်မှ ယူရို ၄၅ သန်း (ပေါင် ၃၉.၃ သန်း) ဖြင့် ခေါ်ယူခဲ့ပြီး မက်ဒရစ်တွင်ရှိစဉ်အတွင်း လာလီဂါဖလား သုံးကြိမ်နှင့် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလား ၁၃ ခု ရရှိခဲ့ပါတယ်။

မက်ဒရစ်နှင့် ၂၀၂၈ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘရာဇီး တောင်ပံကစားသမားဟာ ဘယ်ညာနှစ်ဖက်လုံး ကစားနိုင်တာကြောင့် အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းတွင် ဘက်စုံသုံးနိုင်မည့် ရွေးချယ်စရာတစ်ခု ဖြစ်လာမည်ဖြစ်ပါတယ်။

Cadena SER ၏ သတင်းတွင် မက်ဒရစ်ဟာ ရိုဒရီဂိုရဲ့ အနာဂတ်နှင့်ပတ်သက်၍ နောက်ဆုံးဆုံးဖြတ်ချက် မချရသေးဘဲ ရာသီကုန်တွင် အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံမယ့် နည်းပြသစ် အလွန်ဆို ဆုံးဖြတ်ချက်ချသည်အထိ စောင့်ဆိုင်းမည်ဟု ဖော်ပြထားပါတယ်။

မက်ဒရစ်ဟာ လာမည့်လတွင် ကလပ်ကမ္ဘာ့ဖလားကိုလည်း ကစားရမှာဖြစ်တာကြောင့် ရိုဒရီဂိုရဲ့ ရောင်းချမှု ဖြစ်နိုင်ခြေကို ဩဂုတ်လအထိ နှောင့်နှေးစေနိုင်ပါတယ်။ တစ်ခြားသတင်းများအရ အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူရန် ပြိုင်ဆိုင်မှုမှ နုတ်ထွက်ခဲ့ကြောင်း Sky Germany က ဖော်ပြထားပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမားဟောင်းဟာ လာမည့်လတွင် ဘိုင်ယန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်ဖွယ်ရှိပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီလတွင် အသက် ၂၉ နှစ် ပြည့်ခဲ့တဲ့ ဆာနေးထက် ပိုမိုငယ်ရွယ်တဲ့ တိုက်စစ်ကစားသမားကို ပစ်မှတ်ထားနေတယ်လို့ ထင်ရပါတယ်။