The network connection is lost.

Banner Image

အန်ဆယ်လော့တီကို ထုတ်ပယ်ချင်ပေမယ့် အခက်တွေ့နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ  ဘီလ်ဘာအိုကို  လက်ရှိရာသီရဲ့ ၅ ပွဲ မြောက်အဖြစ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ပုံစံနှင့်ပတ်သက်ပြီး စိုးရိမ်စရာဖြစ်နေပါတယ်။ အန်ဆယ်လော့တီဟာ လာလီဂါ ၃ ပွဲဆက် အနိုင်ရရှိခဲ့သော်လည်း လီဗာပူးနှင့် ဘီလ်ဘာအိုတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောစရာတွေဖြစ်လာပါတယ်။ 

ရီးရဲလ်ဟာ ရာသီတစ်ခုအတွင်း နည်းပြအပြောင်းအလဲလုပ်ခြင်း မရှိသလောက်ရှားပါးသော်လည်း အဲဒီလိုလုပ်ခဲ့မယ်ဆိုပါက ရွေးချယ်စရာအဖြစ် ရာအူးလ်၊ ဆိုလာရီ နှင့် ဇီဒန်းတို့ ရှိနေပါတယ်။ သို့သော်လည်း အဆိုပါ နည်းပြ ၃ ဦးစလုံးရဲ့အခြေအနေတွေကြောင့် အန်ဆယ်လော့တီရဲ့အလုပ်က သေချာတဲ့အနေအထားမှာရှိနေပါတယ်လို့  Cadena SER က ဖော်ပြထားပါတယ်။

မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ်တွင် အလွန်ဆိုကို ခန့်အပ်ရန်ရည်ရွယ်ထားတာကြောင့် ဒီဇန်းကတော့ ကာလတိုဖြင့် အသင်းသို့ပြန်လာမှာတော့မဟုတ်ပါဘူး။ အားကစားဒါရိုက်တာ ဆိုလာရီကတော့ ယာယီအဖြစ်ပြန်လာနိုင်ပြီး ၂၀၁၈ ခုနှစ်က ဆောင်ရွက်မှုမှာတော့အောင်မြင်မှုမရှိခဲ့ပါဘူး။ အလွန်ဆို မရောက်လာခင်မှာ ဒါဟာကာလတို ဖြေရှင်းမှု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ ခြေစွမ်းကျဆင်းမှုကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ 

နောက်ဆုံးရွေးချယ်စရာကတော့ အကယ်ဒမီကနည်းပြ ရာအူးလ်ပဲ ဖြစ်ပါတယ်။ သူကလက်ရှိရာထူးတွင် စိတ်ရှည်သည်းခံစွာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး အသင်းမှာရှိနေတာ ၆ နှစ်အထိ ရှိပြီဖြစ်ကာ စီနီယာအသင်းရဲ့နည်းပြရာထူးတွင် အရမ်းကောင်းသွားမှာကို ကလပ်က စိုးရိမ်နေတာပါ။ အသင်း ပရိသတ်တွေအကြား သူ့ရဲ့ကျော်ကြားမှုကြောင့် အလွန်ဆိုကိုခန့်အပ်ရာတွင် သူ့ကိုထုတ်ပယ်ရန်ခက်ခဲသွားမှာကို စိုးရိမ်နေတာပါ။ 

အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားခြင်းမရှိကြောင်း မကြာသေးမီကမှ အလွန်ဆိုက ပြောကြားထားသော်လည်း လေဗာကူဆင်နည်းပြဟာ လာမယ့်ရာသီမှာ ဘာနေဗျူးသို့ရောက်ရှိမယ်လို့ စပိန်နှင့်ဂျာမနီမှာ သတင်းတွေထွက်နေပါတယ်။ သူ့ရဲ့စာချုပ်ကလည်း လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးထားခြင်းမရှိနေတာပါ။