The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာမယ့် အလားအလာကို ငြင်းဆန်ပယ်ချလိုက်တဲ့ ယာဂန်ကလော့ပ်ရဲ့အေးဂျင့်

ယာဂန်ကလော့ပ်ရဲ့အေးဂျင့်က ရီးရဲလ်မက်ဒရစ်ဆီ ဂျာမန်သားနည်းပြ ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်ခဲ့ပြီး ဆန်တီယာဂိုဘာနေဗျူးကို ဦးဆောင်ဖို့ဆိုတာ ဖြစ်နိုင်ခြေလုံး၀မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌလောင်းရီကွယ်လ်မီက လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ အနိုင်ရရှိရင် ဒီဂျာမန်လူမျိုးနည်းပြကို ရီးရဲလ်မက်ဒရစ်ရဲ့နည်းပြသစ်ဖြစ်လာဖို့ စည်းရုံးရန်အတွက် ကလပ်ဂန္ထဝင်ရာအူးလ်နဲ့အတူ လာမယ့်သီတင်းပတ်အတွင်း ဆက်သွယ်သွားဖို့ စီစဉ်ထားတယ်လို့ ပြောကြားပြီးနောက် အခုလိုကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ကလော့ပ်ရဲ့အေးဂျင့်ဖြစ်သူမာ့ခ်ကိုဆစ်ကီကတော့ အခုလိုဖြစ်လာမယ့် အခြေအနေကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။ Sky Sport Germany နဲ့တွေ့ဆုံချိန် ကိုဆစ်ကီက "ဒါ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ သူက ကလပ်အသင်းဘောလုံးလောကဆီ ပြန်လာဖို့ အစီအစဉ်မရှိသလို လက်ရှိ Red Bull မှာပဲ ပျော်ရွှင်နေပါတယ်" လို့ ဆိုပါတယ်။

ကိုဆစ်ကီရဲ့အခုလိုပြောကြားချက်ကြောင်း လီဗာပူးမှထွက်ခွာလာပြီးနောက်ပိုင်း ကွင်းဘေးစည်းနဲ့ဝေးကွာကာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ယာဂန်ကလော့ပ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို အပြီးတိုင်ချုပ်ငြိမ်းသွားစေခဲ့ပါတယ်။