The network connection is lost.

Banner Image

ယာမဲလ်တစ်ယောက် လိုချင်တာမှန်သမျှရယူနိုင်ခဲ့ပြီလို့ အသင်းဖော် အခိုင်အမာဆို

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက ယာမဲလ်တစ်ယောက် နေမာဆီကနေ မက်ဆေ့ချ်ပြန်တာကို လက်ခံရရှိမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ အားလပ်ရက်အဖြစ် ဘရာဇီးမှာနေမာနဲ့အတူတွဲဖက်ပြီး ဓာတ်ပုံရိုက်ခဲ့ကာ အသင်းဖော် ရာဖင်ဟာက ကူညီပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ရာဖင်ဟာက အသက် ၁၇ နှစ်သားဟာ လိုချင်တာမှန်သမျှရရှိမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“ယာမဲလ်က သူနေမာဆီကိုစာပို့ရင် စာပြန်ပါ့မလားဆိုပြီး ကျွန်တော့်ကိုမေးခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်က သူမင်းကိုစာပြန်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူ့အဆင့်အတန်းက အဲ့အခြေအနေရောက်နေပါပြီ။  သူဘယ်သူ့ဆီကနေ ဘာပဲလိုလိုရရှိမှာပါ။ နေမာတောင် စာပြန်ပါလိမ့်မယ်။ သူတို့ ၂ ယောက်အတူတူရှိတာက တိုက်ဆိုင်မှုမဟုတ်ပါဘူး”လို့ ရာဖင်ဟာက ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ စီနီယာအသင်းဆီရောက်လာပြီးကတည်းက ၂၅ ဂိုးသွင်း ၊ ၃၄ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ်နဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နေမာတစ်ယောက် ဘာစီလိုနာမှာဖြတ်သန်းခဲ့တုန်းက အောင်မြင်ခဲ့တဲ့အတိုင်း အောင်မြင်ချင်နေပါတယ်။  ယာမဲလ်အနေနဲ့ လာမယ့်ဘာစီလိုနာအသင်းရဲ့ရာသီကြိုခရီးစဉ်အဖြစ် ဂျပန် နဲ့ တောင်ကိုရီးယားမြေကိုသွားရောက်မယ့်လူစာရင်းမှာလည်း ပါဝင်မှာဖြစ်ပါတယ်။