The network connection is lost.

Banner Image

မက်ဆီရဲ့အာဂျင်တီးနားနှုတ်ဆက်ပွဲမတိုင်မီ စိတ်လှုပ်ရှားဖွယ် ဂုဏ်ပြုစကား ဆိုလိုက်တဲ့ နေမာ

ဘာစီလိုနာနဲ့ပီအက်စ်ဂျီအသင်းဖော်ဟောင်း မက်ဆီကိုယ်တိုင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားဖို့ ပြင်ဆင်နေချိန် နေမာက စိတ်လှုပ်ရှားဖွယ် ဂုဏ်ပြုစကား ပြောလာခဲ့ပါတယ်။

ဗြူနိုအေရိစ်မြို့ရှိ Estadio Monumental ကွင်းမှာ ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားနဲ့ ဘီနင်အသင်းတို့ ခြေစမ်းပွဲကစားချိန်မှာ အသက် ၃၉ နှစ်အရွယ်ကစားသမားက သူ့ရဲ့ လက်ရွေးစင်အဆင့်နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားပါလိမ့်မယ်။

ဘော်လွန်းဒီအော်ရှစ်ကြိမ်တိုင်ဆွတ်ခူးထားသူရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးနှုတ်ဆက်ပွဲမတိုင်ခင် ဂုဏ်ပြုစကားတွေ ရောက်ရှိလာချိန် ဘရာဇီးကြယ်ပွင့်ကလည်း သူ့ရဲ့မိတ်ဆွေကြီးရဲ့ ဘောလုံးလောကအပေါ် ကြီးမားတဲ့အကျိုးပြုမှုကို Instagram မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

နေမာက "ဘောလုံးကို ချစ်မြတ်နိုးသူတွေလည်း နှစ်ပေါင်းများစွာကြာအောင် မင်းနဲ့အတူ အပြည့်အ၀ ပျော်ရွှင်ခဲ့ကြပါတယ်။ ဒီနေ့တော့ မင်းရဲ့အသင်း၊ မင်းရဲ့နိုင်ငံဂျာစီကို ဝတ်ဆင်ရမယ့် မင်းရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ပြီး စက္ကန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။

"မင်းကို အာဂျင်တီးနားသာမက ဘောလုံးလောကအတွက် မင်းလုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးအတွက် တစ်ကမ္ဘာလုံး ကျေးဇူးတင်နေကြပါတယ်။ ငါ့ကိုလည်း ဘောလုံးအားကစားအပေါ် ပိုချစ်မြတ်နိုးလာအောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းနဲ့ရင်ဆိုင်ကစားခွင့်ရခဲ့တယ်ဆိုတာလည်း ဂုဏ်ယူစရာ ဖြစ်သလို မင်းနဲ့အတူ လက်တွဲပြီး သမိုင်းသစ်တွေ ဖန်တီးခွင့်ရရှိခဲ့တယ်ဆိုတာက ပိုတောင် ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ ကျေးဇူးပါ...မက်ဆီ" လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ဦးက ဘာစီလိုနာမှာ လူးဝစ်ဆွာရက်ဇ်နဲ့အတူ ကြောက်မက်ဖွယ်တိုက်စစ်အတွဲကို ဖန်တီးရင်း အလွန်အောင်မြင်တဲ့အချိန်ကာလတစ်ခုကို အတူဖြတ်သန်းခဲ့ကြသလို နောက်ပိုင်း ပီအက်စ်ဂျီမှာလည်း ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

ဘရာဇီးနဲ့ အာဂျင်တီးနားတို့အကြား သမိုင်းဝင်ပြိုင်ဆိုင်မှု ပြင်းထန်လေ့ ရှိပေမဲ့လည်း နေမာနဲ့ မက်ဆီတို့ကတော့ သူတို့ရဲ့ကစားသမားဘဝတလျှောက်လုံး ခိုင်မာတဲ့ မိတ်ဆွေရင်းချာဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြပါတယ်။