The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရပေမယ့် မာဆေးလ်ကနေထွက်ခွာနိုင်တယ်လို့ ရာဘီအော့ အရိပ်အမြွက်ဆို

မာဆေးလ်ကွင်းလယ်လူ ရာဘီအော့က ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် အသင်းကနေထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ ရာဘီအော့ဟာ မာဆေးလ်အသင်းထံ  ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီအသင်းအတွက် ၂၉ ပွဲမှာ ၉ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ပြင်သစ်သားက အသင်းကနေထွက်ခွာနိုင်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်ကစားရမှာဖြစ်ပေမယ့် အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေတာဖြစ်ပါတယ်။

“မာဆေးလ်အသင်းမှာ ချန်ပီယံလိဂ်ကန်ရမှာလား?။ အဲ့တာက ကြီးကျယ်ခမ်းနားပါတယ်။ ပုဂ္ဂိုလ်ရေးအရ လာမယ့်ရာသီဘာဖြစ်မလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ကျွန်တော် အသင်းဥက္ကဌ ပါဘလို ၊ အားကစားဒါရိုက်တာ ဘီနာတီယာတို့နဲ့ စကားပြောရမှာပါ။ အတွေ့အကြုံအရ အခုလိုမျိုးဥရောပပြိုင်ပွဲကြီးမှာကန်ရမှာက တကယ်ကောင်းတဲ့ခံစားချက်ပါ”လို့ ရာဘီအော့က အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

မာဆေးလ်အသင်းကတော့ ပြင်သစ်သားအသင်းမှာဆက်နေဖို့ မျှော်လင့်နေပြီး လာမယ့်ရာသီမှာလည်း မေဆင်နဲ့အတူ အသင်းကို အကောင်းဆုံးတည်ဆောက်ချင်နေပါတယ်။