The network connection is lost.

Banner Image

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပဖို့ အဆင်သင့်မဖြစ်သေးတဲ့ ကာတာ

ဝန်ထမ်းတွေ အနေနဲ့ လာမယ့်အပတ်ကမ္ဘာ့ဖလားကျင်းပနိုင်ဖို့ နေ့ရောညပါ အလုပ်လုပ်နေရတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ပွဲစဖို့ ၁၁ ရက်အလိုမှာ လမ်းတွေနဲ့ ပရိသတ်ဇုန်တွေအဆင်သင့်ဖြစ်ဖို့ တိုက်ပွဲဝင်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖီဖာဥက္ကဌဟောင်း ဆက်ပ်ဘတ္တလာကလည်း ပလာတီနီဟာ ကမ္ဘာ့ဖလားကျင်းပဖို့ အမှားတခုလုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပရိသတ်တွေက ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ အချို့ဇိမ်ခံဟော်တယ်တွေက တစ်ညကို ပေါင် ၂၃၀၀၀ လောက်ပေးရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် Cabins မှာနေရဖို့အတွက်လည်း တစ်ညကို ပေါင် ၂၀၀ လောက်သုံးရဖွယ်ရှိနေပါတယ်။

အင်္ဂလန်အသင်းတည်းမယ့် ဟိုတယ်တည်ဆောက်မှုကလည်း တစ်လလောက်နောက်ကျနေတယ်လို့ သိရပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနကတော့ ဖီဖာရဲ့ချစားမှုကြောင့် ကမ္ဘာ့ဖလားကျင်းပမယ့် ဒိုဟာမြို့ဟာ အကုန်ပြီးစီးဖို့ အလုပ်သမားတွေကို နေ့ရောညပါ အလုပ်လုပ်ခိုင်းနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒ့ါအပြင် ကြိုတင်ပြင်ဆင်မှုတွေကလည်း ထင်ထားတာထက်ကို နောက်ကျနေတယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့လုပ်ဆောင်မှုကြောင့် တာဝန်ရှိသူတွေက လာမယ့်အပတ်မှာ ကမ္ဘာ့ဖလားကျင်းပဖို့ အဆင်သင့်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။