The network connection is lost.

Banner Image

ဘင်ဖီကာကြယ်ပွင့် နီဗက်စ်ကိုခေါ်ယူနိုင်ဖို့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ထက် အခြေအနေပိုကောင်းနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကိုကျော်ဖြတ်ပြီး ဘင်ဖီကာ ကြယ်ပွင့် ဂျိုအိုနီဗက်စ်ကိုခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ပေါ်တူဂီသားဟာ ယခုနွေရာသီအတွင်းမှာပဲ ဥရောပကလပ်အသင်းကြီးတွေရဲ့ အပြိုင်အဆိုင်ပစ်မှတ်ထားခြင်းကို ခံလာရတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရတော့ လက်ရှိအချိန်မှာ နီဗက်စ်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အသင်းဟာ ပီအက်စ်ဂျီဖြစ်တယ်လို့သိရပါတယ်။

ရိုမာနိုက ပီအက်စ်ဂျီဟာ အသက်-၁၉ နှစ်အရွယ်ပေါ်တူဂီကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းထားတယ်လို့ဆိုထားပြီး ဘင်ဖီကာဘက်ကလည်း ကစားသမားသစ်တွေ ခေါ်ယူဖို့ ဘဏ္ဍာငွေလိုအပ်နေတာကြောင့် ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ချေရှိပါတယ်။ ပေါ်တူဂီသတင်းစာတွေအရ နီဗက်စ်ဟာ ပီအက်စ်ဂျီနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၅ သန်းအထိရရှိသွားမှာဖြစ်ကာ လူးဝစ်အင်းနရစ်ရဲ့ဦးဆောင်မှုအောက်မှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နီဗက်စ်ဟာ လက်ရှိအချိန်မှာတော့ နွေရာသီအားလပ်ရက်ကိုကျော်ဖြတ်နေပြီး ဘင်ဖီကာနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြင်းမရှိသေးတာကြောင့် ပီအက်စ်ဂျီသို့သာ ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ရာသီကြိုခရီးစဉ်ကို လီဂူးဝမ်းချန်ပီယံတွေနဲ့ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။