The network connection is lost.

Banner Image

ပိုချက်တီနိုရဲ့ ထုတ်ပယ်ခံရမှုက ကျွန်တော်တို့အားလုံးကို တုန်လှုပ်စေခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ ကူကူရယ်လာ

အာဂျင်တီးနားသားနည်းပြကို ထုတ်ပယ်ခြင်းမပြုမီ အသင်းနှင့် ကလပ်ကနေနဲ့ အခိုက်အတန့်တစ်ခုကို ရှာဖွေနေတယ်လို့ ခံစားခဲ့ရကြောင်း ကူကူရယ်လာက ပြောကြားထားပါတယ်။

ပိုချက်တီနိုရဲ့နေရာကို မာရက်စ်ကာနဲ့ အစားထိုးခဲ့ပြီးနောက် Athletic သတင်းဌာနသို့ "ပိုချက်တီနိုဟာ ကစားသမားသစ်တွေ ငယ်ရွယ်သူတွေ ပြည့်နေတဲ့ ကလပ်ကို ရောက်ရှိလာခဲ့တာပါ။ ၁၄ ဦး ခေါ်ယူပြီး နောက်ထပ် ၁၄ ဦးကို ရောင်းလိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူသားတွေဖြစ်ပြီး ဘောလုံးအသင်းပါ။ ပထမဆုံးရက်မှ နောက်နေ့အထိ အလုပ်အများကြီးလုပ်ရမယ်"

"ကျွန်​​တော်​တို့ အ​ကောင်းဆုံး အခိုက်​အတန့်​မှာ ​၆ ​ကြိမ်​ဆက် အ​နိုင်ရရှိခဲ့ပြီး ​နောက်​ထပ်​ ၃ ပွဲသာနိုင်​ခဲ့ရင်​ ကျွန်​​တော်​တို့ အနိုင်​ရရှိမှာ ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ သူထုတ်​ပယ်​ခံခဲ့ရပြီး လူတိုင်းအတွက်​ ထိတ်​လန့်​စရာဖြစ်ခဲ့ပါတယ်" "အဓိကကတော့ အရှိန်ကြောင့်ပါပဲ။ နောက်ဆုံးတော့ ဒီအချက်တွေက ကစားသမားတွေအပေါ်မှာ မဟုတ်ပါဘူး။ ပိုင်ရှင်တွေက ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ" "ကျွန်တော့်ဘက်ကတော့ ပိုချက်တီနိုကို ကျေးဇူးတင်ပါတယ်။ ရာသီကြိုမှာ ရှုပ်ထွေးခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် နည်းပြနဲ့တင်မကဘဲ ဝန်ထမ်းတွေနဲ့လည်း တဖြည်းဖြည်းချင်း နားလည်လာခဲ့ပါတယ်။ ကျွန်တော် ပြောဆိုခဲ့ကြပြီးနောက် ဘာလုပ်ဖို့လိုလဲဆိုတာကို နာလည်လာခဲ့ပြီး နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ကောင်းခဲ့ပါတယ်" လို့ ပြောပါတယ်။