
ဘန်ချီဝဲလ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သတင်းဆိုးကို ကြားသိခဲ့ရပါတယ်လို့ ပြောလာတဲ့ ပိုချက်တီနို
ဒုတိယအသင်းခေါင်းဆောင်က အချိန်ဘယ်လောက်အထိ နားရမလဲဆိုတာကို သိရှိရဖို့ စောင့်ဆိုင်းနေချိန်မှာ ဘန်ချီဝဲလ်ရဲ့ တံကောက်ကြောဒဏ်ရာနှင့်ပတ်သက်ပြီး ချဲလ်ဆီးအသင်းရဲ့ ဆရာဝန်များထံမှ သတင်းဆိုးကို ပိုချက်တီနိုက ရရှိခဲ့ပါတယ်။ ဘယ်နောက်ခံလူ ချီဝဲလ်ဟာ ဗုဒ္ဓဟူးနေ့က ကာရာဘောင်ဖလားပွဲအဖြစ် ဘရိုက်တန်အား အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ကနဦးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပိုချက်တီနိုက "ဆရာဝန်ရဲ့ ပြောကြားချက်အရ သတင်းဆိုးလို့ ကျွန်တော်ထင်ပါတယ်" "ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒဏ်ရာက ဆိုးရွားနေပုံပေါ်ပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်း အကဲဖြတ်ဖို့ လိုအပ်ပြီး သူအနားယူရမယ့်ကာလကို သိရှိရမှာပါ" "ပွဲရဲ့နောက်ဆုံးမိနစ်မှာ ပုံစံက မကောင်းခဲ့ပါဘူး။ သူ့နဲ့ပတ်သက်တဲ့ သတင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်" "နှစ်ရက်မရှိသေးတာကြောင့် သိရှိဖို့ခက်နေပြီး နောက်ရက်အနည်းငယ်အတွင်းမှာ အကဲဖြတ်ဖို့ လိုအပ်ပါတယ်"လို့ ပြောပါတယ်။
ချီဝဲလ် အပြင် ဘက်ဒီယာရှိုင်း၊ လာဗီယား၊ ဖိုဖာနာ၊ ချာလိုဘက်ချ် နှင့် အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်တို့အပါအဝင် အသင်းရဲ့ဒဏ်ရာစာရင်းတွင် အခြားထိပ်တန်းကြယ်ပွင့်များစွာလည်း ရှိနေပါတယ်။ သို့သော်လည်း ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့သောပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ကာ တစ်လကျော်ကြာ အနားယူခဲ့ရတဲ့ ချာဝူမီကာက ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတာကြောင့် ပိုချက်တီနိုအား တွန်းအားတစ်ရပ် ဖြစ်စေပါတယ်။
ထိုအတောအတွင်း နွေရာသီတွင် ခေါ်ယူထားတဲ့ အန်ကွန်ကူက အင်စတာဂရမ်အကောင့်တွင် ပို့စ်တစ်ခုတင်ကာ ပြန်လည်ကောင်းမွန်လာမှုဖြစ်စဉ်ကို အကြောင်းကို ရေးသားထားပါတယ်။ "အိမ်စာ" ဟု ခေါင်းစဉ်တပ်က နေအိမ်ရှိ Gym တွင် လေ့ကျင့်နေတဲ ပုံကို ပို့စ်တင်ထားတာဖြစ်ပါတယ်။ သူဟာ ယခုနွေရာသီတွင် လိုက်ပ်ဇစ်မှ ပေါင် ၅၃ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ချဲလ်ဆီးအသင်းနှင့်အတူ ပွဲထွက်မကစားရသေးတာဖြစ်ပါတယ်။