The network connection is lost.

Banner Image

ဗီလာမှာ မာတီနက်ဇ်အောင်မြင်နေပေမယ့် အာဆင်နယ်ရောင်းချတာမှန်ကန်ခဲ့တယ်လို့ ပီတာချက်ယုံကြည်နေ

အာဆင်နယ်ဂိုးသမားဟောင်း ပီတာချက်က အသင်းဟောင်းအနေနဲ့ မာတီနက်ဇ်ကိုရောင်းထုတ်ခဲ့တာဟာ မှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ မာတီနက်ဇ်ဟာ အာဆင်နယ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရသလို အငှားထွက်ကစားမှုတွေသာရှိခဲ့ပြီးနောက် ဗီလာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ လီနိုဒဏ်ရာရရှိပြီးနောက် နေရာရလာခဲ့သလို စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ စက်တင်ဘာမှာတော့ ဗီလာအသင်းထံ ပေါင်သန်း ၂၀ နဲ့ အာဆင်နယ်က ရောင်းချခဲ့ပါတယ်။ အာဆင်နယ်ကနေထွက်ခွာပြီးကတည်းက မာတီနက်ဇ်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို ၂၀၂၂ မှာ အာဂျင်တီးနားအသင်းနဲ့ကမ္ဘာ့ဖလား ၊ ကိုပါဖလား ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗီလာအသင်းအတွက်လည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အခုလိုအောင်မြင်မှုတွေရရှိခဲ့ပေမယ့် ပီတာချက်က အာဆင်နယ်ဟာ မာတီနက်ဇ်ကို ရောင်းချတာမှန်ကန်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အမေဇုန်ပရိုင်းနဲ့အင်တာဗျူးမှာ မာတီနက်ဇ်ကိုရောင်းချမှုနဲ့ပတ်သက်ပြီး ပီတာချက်က “ခင်ဗျား သူ့အရည်အချင်းကို မြင်နိုင်ပါတယ်။ ဒါပေမယ့် သူအာဆင်နယ်မှာ အများကြီးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့အတွက် လမ်းမှန်တစ်ခုမတွေ့ခင်အထိပေါ့။ သူက တိုးတက်ချင်သလို နောက်တစ်ဆင့်ကို သွားချင်တဲ့သူပါ”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကနေထွက်ခွာခဲ့ပေမယ့် မာတီနက်ဇ်က အာဆင်နယ်အသင်းအပေါ် ချစ်မြတ်နိုးနေဆဲဆိုတာကို မကွယ်မဝှက်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။၂၀၂၁ အင်တာဗျူးတစ်ခုမှာ မာတီနက်ဇ်က “ကျွန်တော် သူတို့ကိုချစ်မြတ်နိုးနေဆဲပါ။ အသင်းပွဲတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လုပ်ခဲ့တာတွေက ကျွန်တော့်ကို မယုံသလိုခံစားရစေပါတယ်။

အဲ့တာက အရှိတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရှေ့မှာတင် သူတို့ဂိုးသမားတွေဝယ်ခဲ့ပါတယ်။ ကျွန်တော်က အကယ်ဒမီထွက်ဂိုးသမားတစ်ဦးပါ။ ပွဲထွက်ခွင့်အာမခံချက်မရှိတာကြောင့် ကျွန်တော် ပြန်တွေးဖို့ လိုအပ်ခဲ့ပါတယ်။ အဲ့နောက် ကျွန်တော် အသင်းကနေထွက်ခွာခဲ့ပါတယ်။ သူတို့ ကစားရမယ်ဆိုတာ ဘာမှမပြောခဲ့သလို ကျွန်တော်ကလည်း ပွဲထွက်ခွင့်ရချင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရမ်းခက်ခဲခဲ့ပြီး ကျွန်တော့်မိသားစုက အာဆင်နယ်လိုအသင်းကနေထွက်ခွာတာကို နားမလည်နိုင်ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”လို့ မာတီနက်ဇ်က ဖြေကြားခဲ့ပါတယ်။

အခုချိန်မှာတော့ အာဂျင်တိုင်းသားဟာ ဗီလာအသင်းနဲ့အတူ တောက်ပနေပြီး ၃၈ ပွဲမှာ ၈ ပွဲပေးဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဗီလာဟာ ဒီနေ့ညမှာ ဘရုဂျက်အသင်းနဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲကန်ရမှာဖြစ်ပါတယ်။