The network connection is lost.

Banner Image

အာဆင်နယ်က အပြောင်းအရွှေ့ကို တားမြစ်ခဲ့ကြောင်း ပီပီ ထုတ်ဖော်ပြောကြား

အာဆင်နယ်တောင်ပံကစားသမားဟောင်း နီကိုလက်စ်ပီပီက အာတီတာနဲ့အချိန်အတွင်း ဘောလုံးလောကကနေ အနားယူဖို့ စဉ်းစားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ကာ အာဆင်နယ်က ဆော်ဒီမြေကိုပြောင်းဖို့ တားမြစ်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပီပီဟာ ၂၀၁၉ တုန်းက လိုင်လီအသင်းထံကနေ ပေါင် ၇၂ သန်းနဲ့ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပထမ ၂ ရာသီမှာ ပီပီတစ်ယောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာခဲ့တာကြောင့် နိုက်စ်အသင်းထံအငှားထွက်ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ထရန်ဇွန်စပေါလ်အသင်းမှာ အငှားကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသက် ၂၉ နှစ်သားဟာ အလွတ်နဲ့ရမယ့် ကစားသမားအဖြစ်ရှိနေပါတယ်။ အခုချိန်မှာတော့ ပီပီဟာ အာဆင်နယ်အသင်းမှာ ခက်ခဲခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ငွေအကြောင်း စိတ်မဝင်စားပါဘူး။ နိုက်စ်မှာတုန်းက ကျွန်တော် ၂၅% လစာလျော့ယူခဲ့ရပါတယ်။ ကျွန်တော် ဘောလုံးပဲကစားချင်တာပါ။ အဲ့တာကြောင့် ကျွန်တော်နွေရာသီတုန်းက စောစောဖျက်သိမ်းချင်ခဲ့ပေမယ့် အာဆင်နယ်က မလုပ်ချင်ခဲ့ပါဘူး။ သူတို့က ငါတို့မင်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်တဲ့အတွက် မလုပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သူတို့ငွေအများကြီးတောင်းဆိုခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ အခြားကလပ်တွေနဲ့ တူရကီကလပ်တွေပဲကျန်ခဲ့ပါတယ်။ အာဆင်နယ်က ကျွန်တော် ဆော်ဒီပြောင်းချင်တာကိုလည်း တားမြစ်ခဲ့ပါတယ်။ ပုံရိပ်ကြောင့်လို့ မေးခွန်းထုတ်ရမှာပါ။ ထရန်ဇွန်စပေါလ်အသင်းက ကမ်းလှမ်းခဲ့တာပါ”လို့ ပီပီက ပြောကြားခဲ့ပါတယ်။

ပီပီက အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုကို ချီးကျူးခဲ့ပေမယ့် အာဆင်နယ်မှာကစားနေစဉ် ကစားသမားဘဝကနေအနားယူဖို့ စဉ်းစားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“ပြောင်းရွှေ့ကြေးအကြောင်း ကျွန်တော်မပြောပါဘူး။ အဲ့ငွေကြေးက လူတွေဂရုမစိုက်ပါဘူး။ လူတွေက ခင်ဗျားဘယ်ကလာလဲဆိုတာ ဂရုမစိုက်ပဲ စွမ်းဆောင်ရည်ကိုပဲ မြင်ချင်တာပါ။ အားလုံးက အချက်အလက်တွေပါပဲ။ အဲ့တာက ရှက်စရာပါ။ ဒါပေမယ့် အဲ့တာက လက်ရှိအဖြစ်အပျက်ပါ။ ကျွန်တော် ပရီးမီးယားလိဂ်ကို ဒီလိုမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဝေဖန်မှုတွေနဲ့ပဲ ရင်ဆိုင်ရပါတယ်။ လူမှုမီဒီယာကို ကျွန်တော်မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အကိုက မင်းအကြောင်းပြောနေကြတယ်ဆိုတာတော့ ပြောပါတယ်။ အဲ့တာက ကျွန်တော့်ကို သက်ရောက်မှုရှိပါတယ်။ မီဒီယာ ဒါမှမဟုတ် အသင်းဝန်ထမ်းတွေဆီကနေ လာတာပါ။ သူတို့က ကျွန်တော် စိတ်ပိုင်းဆိုင်ခံစားရတယ်ဆိုတာကို နားမလည်ကြပါဘူး။ အဲ့တာက မိသားစုအပြင် စွမ်းဆောင်ရည်ပိုင်းကိုပါ ထိခိုက်စေပါတယ်။ အာဆင်နယ် ပရိသတ်တွေပဲ ကျွန်တော့်ကို အားပေးကြတာပါ။ အာဆင်နယ်မှာ အဲ့လိုစိတ်ပိုင်းဆိုင်ရာပြဿနာမျိုးခံစားခဲ့ရတာပါ။ ကျွန်တော် ဘောလုံးလောကကနေ အနားယူဖို့တောင် စဉ်းစားမိပါတယ်။ အရာအားလုံးကနေ နုတ်ထွက်ချင်စိတ်ပါဖြစ်ခဲ့ပါတယ်”လို့ ပီပီက ပြောကြားခဲ့ပါတယ်။