The network connection is lost.

Banner Image

လာမယ့်ဘောလုံးရာသီသစ်မှာ မန်စီးတီးနဲ့အတူ ဒီဘရိုင်း ဆက်ရှိနေမယ်လို့ ဆိုလာတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးက အခုနွေရာသီကာလအတွင်း ကစားသမားသစ်များစွာ ခေါ်ယူဖို့ အစီအစဉ်မရှိသေးသလို ကီဗင်ဒီဘရိုင်းအနေဖြင့်လည်း မန်စီးတီးမှ ထွက်ခွာကာ ဆော်ဒီမြေဆီ ပြောင်းရွှေ့သွားမှာမဟုတ်ဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းက အခုနှစ်အတွက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်လာနေပြီး အယ်လ်အစ်တီဟတ်ရဲ့ အပြင်းထန်စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးတဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေကို ပိတ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ပေါင် ၃၃ သန်းတန် ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုကိုခေါ်ယူပြီးနောက် ကစားသမားသစ် အင်အားထပ်မံဖြည့်တင်းသွားမယ့်ပုံ မရှိသေးပါဘူး။

ပက်ဂွါဒီယိုလာက “ဒီဘရိုင်း မထွက်ပါဘူး။ တစ်စုံတစ်ယောက် အသင်းမှ ထွက်ခွာမယ်ဆိုရင်လည်း ကျွန်တော်တို့ အဲ့ဒီအကြောင်း ဆွေးနွေးသွားရပါလိမ့်မယ်။ မှန်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိတော့ ကစားသမားသစ်တွေ ခေါ်ယူနိုင်မယ့် အခွင့်အလမ်းရှိနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားသစ်တွေခေါ်ယူနိုင်မယ့် အခွင့်အရေးကို မငြင်းဆန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက လက်ရှိလူစာရင်းအတိုင်း ဆက်ရှိဖို့ ၈၅ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ ထင်ပါတယ်။ အစားထိုးဖို့ ခက်ခဲတဲ့ အသင်းလူစာရင်းပိုင်းရဲ့အရည်အသွေးကြောင့် ကျွန်တော်ကတော့ သက်သောင့်သက်သာရှိနေပါတယ်။ ဒီလိုအရည်အသွေးမျိုး အသင်းမှာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စောင့်ကြည့်သွားရပါမယ်။ နောက်ဆုံးအခိုက်အတန့်မှာ ဘာတွေဖြစ်လာမလဲ မသိပါဘူး။ တစုံတယောက်က ကစားသမားအချို့အတွက် အစားထိုးဖို့ ဝင်လာမယ်ဆိုရင် သူတို့တွေ ထွက်ခွာသွားနိုင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။