The network connection is lost.

Banner Image

လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ် နဲ့ တီကိုတို့က ရေပန်းအစားဆုံးဖြစ်တယ်လို့ ပီဒရီ ဝန်ခံပြောကြား

ဘာစီလိုနာအသင်းကွင်းလယ်လူ ပီဒရီက လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ် နဲ့ တီကိုတို့ကသာ ရေပန်းအစားဆုံးဖြစ်ပြီး မိမိတို့အသင်းက ထိပ်ဆုံး ၄ သင်းနေရာအတွက်သာဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဂီတာဖေးအသင်းကို သရေကျခဲ့ပြီးနောက် ဘာစီလိုနာဟာ နိုင်ပွဲပျောက်ဆုံးမှုဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကွန်ဒီရဲ့ကန်ချက်နဲ့အစောပိုင်းမှာ ဘာစီလိုနာက ဦးဆောင်နိုင်ခဲ့ပေမယ့် နိုင်ပွဲမရှာဖွေနိုင်ခဲ့ပဲ နောက်ဆုံး ၄ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ အခုသရေပွဲကြောင့် ဘာစီလိုနာဟာ ထိပ်ဆုံးနေရာက တီကိုနဲ့ ၅ မှတ်အကွာ ၊ အဆင့် ၂ နေရာက ရီးရဲလ်နဲ့ ၄ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဂီတာဖေးအသင်းကိုသရေကျပြီးနောက် ပီဒရီက မိမိတို့အသင်းဟာ ချန်ပီယံဆုထက် ထိပ်ဆုံး ၄ သင်းနေရာအတွက်သာ ဖြစ်နိုင်တော့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ပြီးပြည့်စုံခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ လက်ကျန်လာလီဂါပွဲတွေကို အနိုင်ကန်ဖို့တော့ လိုအပ်ပါတယ်။ အဲ့လိုမှသာ ထိပ်ဆုံး ၄ သင်းနေရာမှာ ရပ်တည်နိုင်မှာပါ။ ဂီတာဖေးနဲ့ကန်ရတာ အမြဲတမ်းခက်ခဲပါတယ်။ သူတို့က ခံစစ်ပိတ်ကစားတာဖြစ်ပြီး အရမ်းကိုမှရှုပ်ထွေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဦးဆောင်ထားတာကို ကာကွယ်နိုင်ခဲ့သင့်တာပါ”လို့ ပီဒရီက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုကြားရက်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဘင်ဖီကာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။