The network connection is lost.

Banner Image

ပေါ်တူဂီစတားဟာ ပင်နယ်တီရဖို့ ဒိုက်ဗင်ပစ်ခဲ့တယ်လို့ စွပ်စွဲလိုက်တဲ့ ဒိုဂူ

ဒိန်းမတ်အသင်းနောက်ခံလူ ပက်ထရစ်ဒိုဂူက ပေါ်တူဂီစတား ရော်နယ်ဒိုဟာ ပင်နယ်တီရရှိဖို့ ဒိုက်ဗင်ပစ်ခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ပေါ်တူဂီဟာ အဆိုပါပွဲမှာ ဒိန်းမတ်အသင်းကို ၅-၂ နဲ့အနိုင်ရခဲ့ပြီး ဒုတိယအကျော့ပွဲအတွက် အားသာချက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒိုဂူတစ်ယောက် ရော်နယ်ဒိုကို ပင်နယ်တီဧရိယာထဲမှာ ဆွဲချသလိုဖြစ်ခဲ့တာကြောင့် ပင်နယ်တီအပေးခံခဲ့ရပြီး ပေါ်တူဂီသားက အဆိုပါပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲခဲ့ပေမယ့် ဂိုးသမား ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်အပြီးမှာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို ၅-၂ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်စတားက အင်တာဗျူးမှာ “ရော်နယ်ဒိုက ပါးနပ်ခဲ့ပါတယ်။ သူက ပင်နယ်တီဘယ်လိုယူရမလဲဆိုတာ သိနေခဲ့ပါတယ်။ ကျွန်တော် သူ့ကိုအကြမ်းကြီးဆွဲလိုက်တယ်လို့ မခံစားခဲ့ရပါဘူး။

ပွဲအတွင်းမှာဖြစ်ပျက်တတ်တဲ့ ထိတွေ့မှုလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သူ့လက်ကိုပဲ ဆွဲလိုက်တာဖြစ်ပြီး သူက မြေပြင်ကို လှဲချခဲ့ပါတယ်။ တကယ်ကောင်းတဲ့အကွက်ပါပဲ။ ကျွန်တော် အနည်းငယ်စိတ်ပျက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မိနစ် ၉၀ လုံး အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပွဲအစောပိုင်းမှာ ပင်နယ်တီရဲ့သက်ရောက်မှုမရှိခဲ့ပါဘူး။ ကျွန်တော် ပိုဂရုစိုက်ပြီး အခုအမှားကနေသင်ယူရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၃၆ ဂိုးအထိရှိလာခဲ့ပြီး ဇွန်လမှာမှ နေးရှင်းလိဂ်ဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။ ဒိုဂူအနေနဲ့ အခုနိုင်ငံတကာရက်သတ္တပတ်အပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။