The network connection is lost.

Banner Image

ဂါလာတာဆာရေး အနာဂတ်နဲ့ပတ်သက်ပြီး တိတိကျကျ ပြောဆိုမှုမရှိနေတဲ့ အိုဆီမန်

နာပိုလီကနေ အငှားနဲ့ ရောက်ရှိနေတဲ့ အိုဆီမန်ကို သူ့ရဲ့ အာဇူရီ စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်ကြောင့် ဒီနွေရာသီမှာ ယူရို ၇၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ပါတယ်။

ပြီးခဲ့တဲ့ညက ထရာ့ဘဇွန်စပေါ်ကို အနိုင်ရရှိပြီး တူရကီဖလားကို ဆွတ်ခူးပြီးနောက် အိုဆီမန်က Fanatik သို့ "အသင်းတစ်သင်းလုံးကို ကျွန်တော် အားပေးချင်ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ပါတယ်။ အစကနေ အဆုံးအထိ တကယ်ကောင်းကောင်း တိုက်ပွဲဝင်ခဲ့ပါတယ်"

"ပရိသတ်တွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ပွဲတစ်လျှောက်လုံး သူတို့ဟာ မယုံနိုင်လောက်အောင် ကောင်းခဲ့ပါတယ်" "ကျွန်တော်တို့ ဆုဖလား သုံးခုကို ရယူဖို့ တိုက်ပွဲဝင်ခဲ့ပေမယ့် တစ်ခုကို လွဲချော်ခဲ့ပါတယ်။ တစ်ခုကို ရရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ fifth star အတွက် တိုက်ပွဲဝင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ သူ့ရဲ့ သွင်းဂိုး ၃၅ ဂိုးနဲ့ပတ်သက်ပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝမှာ အများဆုံး ဂိုးအရေအတွက်ဖြစ်ကာ သူက ဆက်လက်ပြီး "ဒီစံချိန်က တကယ် အံ့သြစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ ယူနွတ်စ် (သုံးကြိမ် ဂိုးဖန်တီးပေးခဲ့တဲ့ အက်ဂွန်) ဟာ ကစားသမားတိုင်းအတွက် တကယ့်ကို ပေါင်းစည်းပေးတဲ့သူပါ"

"ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးတွေအတွက် အရမ်းပျော်ရွှင်ပေမယ့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်တာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပါ။ ကျွန်တော် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

ရာသီကုန်မှာ နာပိုလီကို ပြန်ရမှာဖြစ်လို့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားသားက "ဂါလာတာဆာရေး ပရိသတ်တွေကို ကျွန်တော် တကယ် မငြင်းဆန်နိုင်ပါဘူး။ ရာသီကုန်မှာ ကျွန်တော် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရပါလိမ့်မယ်"

"ဒီခရီးစဉ်အတွင်း ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အရာအားလုံးအတွက် လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ ရာသီကုန်မှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ချပါ့မယ်" လို့လည်း ပြောကြားခဲ့ပါတယ်။