
အန်ဖီးလ်ကနေထွက်ခွာဖို့ ပြင်ဆင်လာတဲ့ လီဗာပူးစတား
သတင်းတွေအရ လီဗာပူးအသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်တစ်ယောက် အန်ဖီးလ်မြေကနေထွက်ခွာဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ စပိန်သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီရာသီ စလော့လက်အောက်မှာ နေရာရဖို့ရုန်းကန်နေရတဲ့ ဒါဝင်တစ်ယောက် အခုနွေရာသီမှာ အသင်းကနေထွက်ခွာမယ်လို့ သိရပါတယ်။
နောက်ထပ်သတင်းတွေအရ ဥရုဂွေးသားဟာ နည်းပြဆီမြွန်နီလက်အောက်မှာ သူ့ဘဝကိုပြန်လည်တည်ဆေက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ ၂၀၂၂ တုန်းက ဘင်ဖီကာအသင်းထံကနေ ပေါင် ၈၅ သန်းနဲ့ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကလော့ပ်လက်အောက်မှာတုန်းက လက်ရှိနည်းပြ စလော့လက်အောက်ထက် နေရာပိုရခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားကို လီဗာပူးဘက်က ရောင်းချမှာဖြစ်ပေမယ့် တီကိုအသင်းထံဘက်က ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့သာ ခေါ်ယူချင်နေပါတယ်။
နူနက်ဇ်ကို ဆော်ဒီလိဂ်ကလပ်တွေကလည်း ချိတ်ဆက်နေပြီး ဒီရာသီအသင်းအတွက် ၂၉ ပွဲမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ နူနက်ဇ် နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိ ရှိနေတာကြောင့် လီဗာပူးအနေနဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုလို့ရနိုင်တာ
ဖြစ်ပါတယ်။ နူနက်ဇ်တစ်ယောက် အခုလာမယ့်အပတ် ပဲလေ့စ်နဲ့ရာသီပိတ်နောက်ဆုံးပွဲမှာ လီဗာပူးအသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားဖွယ်ရှိနေပါတယ်။