The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ်ကို ကြေးတိုးမြှင့်ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို ပေါင် ၆၉.၇ သန်းနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ဆက်စ်ကိုအားခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် နယူးကာဆယ်က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အက်သလက်တစ်သတင်းဌာနကတော့ ဆက်စ်ကိုအနေနဲ့ အခုနွေရာသီမှာ ဘယ်အသင်းကိုပြောင်းမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

နောက်ထပ် Daily Mail သတင်းဌာနကလည်း နယူးကာဆယ်ဟာ ဆက်စ်ကိုကိုအရခေါ်ယူဖို့ ပြင်ဆင်နေပြီး လာမယ့် ၂၄ နာရီအတွင်းမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ ကစားသမားက သူတို့အသင်းအစား အခြားအသင်းရွေးချယ်ခဲ့ရင်တောင် ကမ်းလှမ်းမှုပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ ဆက်စ်ကိုအပြောင်းအရွှေ့က ထင်ရှားလာနိုင်ပြီး နယူးကာဆယ်က အီဆက်နေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေသလို ယူနိုက်တက်ကလည်း တိုက်စစ်ပိုင်းအတွက် အားဖြည့်ချင်နေပါတယ်။

တကယ်လို့ ဆက်စ်ကိုအပြောင်းအရွှေ့အဆင်မပြေခဲ့ရင် ယူနိုက်တက်က အရန်အဖြစ် ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းကိုခေါ်ယူဖွယ်ရှိနေပါတယ်။ အီဆက်ကတော့ နယူးကာဆယ်ကနေထွက်ခွာချင်တယ်လို့ အသင်းကို အသိပေးထားပြီး လီဗာပူးက ချိတ်ဆက်နေပါတယ်။ အသက် ၂၂ နှစ်သားဟာ လိုက်ပ်ဇစ်အတွက် ၈၇ ပွဲမှာ ၃၉ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အလန်ရှီးယားကတော့ ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ကြား ဆက်စ်ကိုအပြောင်းအရွှေ့ အားပြိုင်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ဆက်စ်ကိုက ငယ်ရွယ်သလို ၂ သင်းကြား ပြိုင်ဆိုင်ရနိုင်ပါတယ်။ ကျွန်တော် သူ့ကိုချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ရာဦတုန်းက ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်တွေ့ခဲ့ပါတယ်။ သူ့မှာအရည်အချင်းအများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့တာတွေက တိုးတက်ဖို့လိုတာတွေရှိနေဆဲပါ။ ဘယ်သူမှမသိတဲ့ကစားသမားကို ပရီးမီးယားလိဂ်ထံခေါ်ယူတာက အရဲစွန့်မှုတစ်ခုပါပဲ”လို့ အလန်ရှီးယားက ဖြေကြားခဲ့ပါတယ်။