အင်္ဂလန်နည်းပြရာထူးနဲ့ လုံဝကို ဆက်သွယ်မှုမရှိနေတဲ့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီ
လစ်လပ်နေတဲ့ အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်ပြီး အက်ဖ်အေနှင့် တရားဝင်ဆက်သွယ်ခြင်းမရှိကြောင်း နယူးကာဆယ်နည်းပြချုပ် အက်ဒီဟိုဝီက ပြောကြားလိုက်ပါတယ်။ အသက် ၄၆ နှစ်အရွယ် နည်းပြဟာ ဆောက်ဂိတ်ရဲ့နေရာကို ဆက်ခံဖို့အတွက် ဘွတ်ကီဒိုင်တွေရဲ့တစ်ပေးခြင်းကိုခံနေရတာဖြစ်ပြီး အပ်ဆွစ်နည်းပြ မက်ကန်နာကတော့ နောက်ဆုံးနာမည်ထွက်နေသူဖြစ်ပါတယ်။
နယူးကာဆယ်ရဲ့ရာသီကြိုခရီးစဉ်အဖြစ် ဂျပန်သို့သွားရောက်ရာ တိုကျိုတွင်ရှိစဉ် အက်ဖ်အေရဲ့ချဉ်းကပ်မှုကို ခံနေရတာသလားလို့ မေးရာတွင် အက်ဒီဟိုဝီက "ဘယ်သူ့ထံကမှ ဆက်သွယ်မှုမရှိသေးပါဘူး။ ကျွန်တော်ကတော့ နယူးကာဆယ်အတွက်သာ အပြည့်အဝအာရုံစိုက်ထားပါတယ်" လို့ ဖြေထားပါတယ်။
စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဆက်လက်ရှိနေရန်သေချာမှုအတွက် ကစားသမားအပေါ် အာမခံထားသလားလို့မေးရာတွင် "အဲ့ဒီအကြောင်းတွေပြောထားတာမရှိပါဘူး" "ကစားသမားတွေကိုလည်း ပြောစရာ မလိုပါဘူး။ ကျွန်တော့်ရဲ့ ပြုမူပုံတွေ နေ့စဉ်လုပ်ဆောင်မှုတွေ ကလပ်အတွက်ပေးဆပ်မှုတွေကိုကြည့်ပြီးတော့ သူတို့တွေလည်း သိမယ်လို့ မျှော်လင့်ပါတယ်" လို့ ဖြေပါတယ်။
နယူးကာဆယ်အတွက် သူ့ရဲ့ပေးဆပ်မှုတွေက မဆုတ်မနစ်ဖြစ်တယ်လို့ ပြောဆိုထားသော်လည်း ဆောက်ဂိတ်ထွက်သွားပြီး နေ့ရက်တွေနောက်ပိုင်း အက်ဒီဟောင်းရဲ့ မှတ်ချက်စကားတွေက ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။ ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ အမန်ဒါစတီဗယ်လီတို့ လင်မယားထွက်ခွာသွားပြီးနောက် အားကစားဒါရိုက်တာ ပေါလ်မစ်ချယ်နှင့် စွမ်းဆောင်မှုဆိုင်ရာဒါရိုက်တာ ဂျိမ်းစ်ဘန့်စ်တို့ ရောက်လာတာကြောင့် ကလပ်ရဲ့အကြီးအကဲတွေထံကနေ သေချာမှုလိုအပ်ကြောင်းကိုလည်း အက်ဒီဟိုဝီက အရိပ်အမြွက်ပြောကြားထားပါတယ်။
The Time သို့ အက်ဒီဟိုဝီက "ကလပ်သို့ ရောက်လာတည်းက နယူးကာဆယ်အတွက် ကျွန်တော့်ရဲ့ပေးဆပ်မှုက မဆုတ်မနစ်ဖြစ်ပါတယ်။ ကျွန်တော့်အတွက် သေချာမှုဆိုတာရှိနေသ၍ ကျွန်တော်ပျော်ရွင်နေပြီး လိုအပ်တွေအားလုံးကို ကြိုးစားလုပ်သွားမှာပါ။ ဒါကိုတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"လို့ ပြောထားပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ နယူးကာဆယ်ကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလာတဲ့အထိ ဦးဆောင်ထားကာ ဆော်ဒီပိုင်ရှင်တွေရဲ့ကလပ်အပေါ် ရင်းနှီးမြှပ်နှံမှုတွေကလည်း အထောက်အပံ့ဖြစ်ခဲ့ပါတယ်။
ဆောက်ဂိတ်ထွက်ခွာသွားတဲ့ နေရာအတွက် ဘရိုက်တန်နှင့် ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာ၊ အင်္ဂလန် ယူ ၂၁ နည်းပြ ကာစလေတို့ကလည်း အလားအလာရှိနေပါတယ်။ ဒါပေမဲ့ အင်းဆွစ်ကို တန်တက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ မက်ကန်နာကိုလည်း နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဘယ်သူပဲနည်းပြလုပ်လုပ် အင်္ဂလန်လက်ရွေးစင်အသင်းကို ၈နှစ်အတွင်း ဥရောပဖိုင်နယ် ၂ကြိမ်ဆက်နှင့် ၂၀၁၈ ကမ္ဘာ့ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ခဲ့တဲ့ မစ်ဒယ်ဘရော့ချ်နည်းပြဟောင်း ဆောက်ဂိတ်လိုတော့ လုပ်ဆောင်ဖို့ဆိုတာက ခက်ခဲနေမှာပါ။